သင်ဟာဝီစကီနဲ့ အကျွမ်းမဝင်တဲ့သူလား။ ဧည့်ခံပွဲတွေ၊ ညစာစားပွဲတွေမှာ ဝီစကီနဲ့စတင်ထိတွေ့တော့မယ်ဆိုရင်တော့ စိတ်လှုပ်ရှားမှုတွေ ရှိနေနိုင်ပါတယ်။ ဝီစကီက မုယောစပါးကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တကယ့်ကို ဝီစကီကောင်းကောင်း သောက်တတ်သူတွေကတော့ ဝီစကီမှ ဝီစကီပါပဲ။ ဒါပေမယ့် တချို့အမျိုးသားတွေကတော့ ဝီစကီနဲ့ဝိုင်ယှဉ်လာရင် ဝိုင်ကိုရွေးချယ်တတ်ကြပါတယ်။

ဝီစကီကိုစတင်သောက်သုံးမယ်ဆိုရင်

Man pours whisky in the glasses standing before a wooden table

Photo : Freepik

ယခုမှ စတင်သောက်သုံးမယ့် သူတွေအနေနဲ့ အပြင်းစားဝီစကီတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဝီစကီအပြင်းစားတွေမှာ အယ်ကိုဟောတွေ အမြောက်အများပါဝင်လို့ဖြစ်ပါတယ်။

ဝီစကီကို ဘယ်လိုသောက်သုံးကြမလဲ

many people clinking glasses with alcohol at a toast

Photo : Freepik

တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း ဝီစကီသောက်သုံးတဲ့နေရာမှာ အလွန်အကျွံသောက်သုံးခြင်း မပြုသင့်ပါဘူး။ အရွယ်ရောက်ပြီးသား ယောကျ်ားလေးတစ်ယောက်ဟာ တစ်နေ့ကို ဝီစကီ ၃၅မီလီလီတာကနေ ၄၀ မီလီလီတာအတွင်းသာ သောက်သုံးပေးသင့်ပါတယ်။ အများအပြားသောက်သုံးရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။

ဝီစကီမှရရှိနိုင်သော အကျိုးကျေးဇူးများ

man holding glass of whiskey in black suit

Photo : Freepik

ဝီစကီမှာ ဗီတာမင်စီ၊ Antioxidant ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ Ellagic Acid တို့ ပါဝင်ပါတယ်။ ဝီစကီကို နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်နိုင်ချေ နည်းပါးသွားတယ်လို့ လေ့လာမှုများအရ သိရပါတယ်။