သင့်အနေနဲ့ နေ့စဉ်ဘဝရဲ့ ပြဿနာတွေကြားထဲမှာ နေရတာ အဆင်မပြေဘဲ စိတ်ဖိစီးမှုတွေဖြစ်လာပြီလား။ ပြဿနာတွေ အထွေးလိုက်ကြီးထဲမှာ ကိုယ်က ပါဝင်ပတ်သက်နေရသူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ တစ်နေ့တစ်နေ့ဘဝကို ဖြတ်သန်းရတဲ့နေရာမှာ အချိန်တိုင်း စိတ်ရှုပ်နေရမှာပါ။ ဒီလို ပြဿနာတွေထဲကနေ ဘယ်လို ရုန်းထွက်ကြမလဲ။

အမှားတွေကို ချက်ချင်း ပြင်ဆင်ပါ

Bearded office worker watching at papers and thinking in modern office

Photo : Freepik

ပြဿနာဖြစ်တယ်ဆိုတာ တကယ်တော့ အမှားကို လုပ်ခဲ့လို့ပါ။ ကိုယ်လုပ်ခဲ့တဲ့ အမှားကြောင့် ဖြစ်ရတဲ့ ပြဿနာဖြစ်တဲ့အတွက် အဲဒီအမှားကို အချိန်မီ ပြင်ဆင်ရပါမယ်။ အချိန်မီဆိုတာ ချက်ချင်း လုပ်ဆောင်ဖို့ ပြောတာပါ။ လူ့ဘဝမှာ အမှားကို ပြင်ဆင်ဖို့အတွက် အချိန်မမီတော့ဘူးဆိုတာ မရှိပါဘူး။ အမှားတွေကို ချက်ချင်းပြင်ဆင်ပါ။

လက်တွေ့ကျကျ တွေးခေါ်ဆောင်ရွက်ပါ

Pensive businessman holding pen while thinking in office

Photo : Freepik

ပြဿနာတစ်ခုပေါ်လာတဲ့အခါမှာ ဖြေရှင်းဖို့အတွက် လက်တွေ့ကျကျ တွေးခေါ်ဆောင်ရွက်ဖို့ကလည်း အရေးကြီးပါတယ်။ အထက်ကပြောခဲ့သလို ပြဿနာရဲ့ ရင်းမြစ်ကို ရှာတွေ့ပြီဆိုရင်တော့ လက်တွေ့ကျတဲ့ အဖြစ်နိုင်ဆုံး အဖြေကို ရှာရမှာပါ။ မဖြစ်နိုင်တာတွေကို လျှောက်တွေးမနေပါနဲ့။ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိပါတယ်။

ပြဿနာတွေကို ရှောင်ပြေးဖို့ မစဉ်းစားပါနဲ့

young upset doctor standing and thinking at window in hospital

Photo : Freepik

ပြဿနာတွေကို ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတာ နည်းလမ်းမှန် အဖြေမှန်တော့ မဟုတ်ပါဘူး။ ကံကောင်းထောက်မလို့ ပြဿနာတစ်ခုဆီက ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်ဆိုရင်တော့ နောက်ထပ်ပြဿနာတွေနဲ့ သင်ကြုံတွေ့နေရဦးမှာပါပဲ။ ဒီတော့ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ပါ။ ပြဿနာတွေရဲ့ ရင်းမြစ်ကို သေချာရှာပါ

ဆုံးရှုံးမှုတွေထဲက သင်ခန်းစာယူပါ

Thoughtful young policeman sitting on yellow couch

Photo : Freepik

ပြဿနာတွေ အမှားတွေ တွေ့ကြုံပြီးချိန်မှာတော့ ဘယ်လိုဖြေရှင်းနိုင်ပါစေ၊ ဘယ်လိုပဲ အမှားတွေ ပြင်ဆင်လိုက်ပါစေ ဆုံးရှုံးမှုကတော့ ကြုံရစမြဲပါပဲ။ ဆုံးရှုံးမှု များတာနဲ့ နည်းတာပဲ ကွာပါတယ်။ ဆုံးရံှုးရပြီဆိုမှတော့ ကိုယ့်ဘက်က ပေးလိုက်ရတာချည်းပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ဆုံးရှုံးမှုတွေကတဆင့် နောက်ပြဿနာတွေ၊ အမှားတွေ ထပ်မကြုံအောင် သင်ခန်းစာယူပါ။