လေ့လာမှုတွေအရ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းခန့်လောက်က ညဘက်အိပ်ပျော်နေစဉ် ဟောက်တဲ့ပြဿနာကြုံကြရပါတယ်။ များသောအားဖြင့်အမျိုးသားတွေ မှာပိုဖြစ်လေ့ရှိပြီး ဟောက်ခြင်းကြောင့် ကိုယ်တိုင်လည်းအိပ်ရေးမဝဖြစ်တက်သလို ကိုယ်ရဲ့အိပ်ဖော်ကိုလည်း စိတ်အနှောက်ယှက်ဖြစ်စေပြီး အိပ်စက်ခြင်းအရည်အသွေးကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဟောက်တက်တဲ့ယောကျာ်းများအနေနဲ့ အိပ်နေစဉ်ဟောက်ခြင်းကို သက်သာစေဖို့ ဆောင်ရန်ရှောင်ရန်တချို့ကို ပြောပြပေးလိုက်ပါတယ်နော်။
အဝမလွန်ပါစေနဲ့

Photo : Freepik
ဟောက်ခြင်းက အဝလွန်သူတွေမှာ ပိုပြီးအဖြစ်များတာ တွေ့ရ ပါတယ်။ဝတဲ့သူတွေဟာ လည်ပင်းတစ်ဝိုက်မှာအဆီတွေ စုပြုံ နေတက်တာကြောင့် အသက်ရှုရခက်ခဲပြီး အိပ်စက်နေချိန်မှာ ဟောက်တာမျိုးတွေ ဖြစ်တက်ဖြစ်ပါတယ်။ဒါကြောင့်အဝမလွန်ပါစေနဲ့။အဝလွန်တာဟာ ဟောက်တာအပြင်ခန္ဓာကိုယ်မှာ တခြားသော ဆီးချိုသွေးချို နှလုံးအဆီဖုံး စတဲ့ကျန်းမာရေးပြဿနာတွေဖြစ်စေတာကြောင့် ခန္ဓာကိုယ်ကိုထိန်းသိမ်းပြီး နေထိုင်သင့်ပါတယ်။
ပက်လက်မအိပ်ပါနဲ့

Photo : Freepik
ပက်လက်အိပ်ခြင်းက အိပ်နေရင်းဟောက်တာမျိုးဖြစ်စေပါတယ်။ဒါကြောင့် ညအိပ်တဲ့အခါ ပက်လက်လှန်တက်တယ်ဆိုရင် တော့ သင့်ရဲ့ အိပ်စက်တဲ့ ပုံစံကိုပြောင်းလဲပြီးအိပ်သင့်ပါတယ် ။ဘေးတစ်စောင်းအိပ်တာဖြစ်ဖြစ် ခွခေါင်းအုံးတစ်ခုခုကို ဖက်ပြီးအိပ်တာဖြစ်ဖြစ် အိပ်စက်မယ်ဆိုရင် ဟောက်တာကိုသက် သာစေမှာဖြစ်ပါတယ်။
အိပ်ခါနီးအရက်မသောက်ပါနဲ့

Photo : Freepik
အမျိုးသားတွေအနေနဲ့ တစ်ခါတစ်လေသောက်ဖြစ်တဲ့ညတွေမှာ ဟောက်တက်တာကို သတိထားမိကြမယ်ထင်ပါတယ်။ အိပ်ချိန်နဲ့ နီးကပ်ပြီးမှ အရက်သောက်ခြင်းက ဟောက်ခြင်းကိုဖြစ်ပေါ်စေတက်တာကြောင့် ဟောက်တက်တဲ့သူတွေအနေနဲ့ ညဘက်မှာ တက်နိုင်သလောက်အရက်သောက်တာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဖြစ်နိုင်ရင်ချိန်နဲ့ အနည်းဆုံး ၄ နာရီလောက်ခြားပြီးသောက်သင့်ပါတယ်။
အိပ်ရေးအပျက်မခံပါနဲ့

Photo : Freepik
အိပ်စက်ချိန်မလုံလောက်တဲ့ သူတွေဟာဟောက်ခြင်းကို ဖြစ်စေတက်ပါတယ်။အိပ်စက်ချိန်မလုံလောက်ပါက လည်ပင်းရှိ ကြွက်သားတွေကိုလျော့ရဲစေပြီး အသက်ရှုရခက်ခဲစေတာကြောင့် ဟောက်ခြင်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အိပ်နေရင်း ဟောက်လေ့ဟောက်ထရှိတဲ့သူတွေအတွက် အိပ်ချိန်ကိုဂရုစိုက်ပြီး အိပ်ရေးဝဝအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်နော်။
