ဖက်ရှင်ရေစီးကြောင်းသည် အချိန်နှင့်အမျှ ပြောင်းလဲနေပြီး ထိုပြောင်းလဲမှုအပေါ် လိုက်လံကာ ဖက်ရှင်ကျကျဝတ်စားမှသာလျှင် ဆွဲဆောင်မှုရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်မှာပါ။ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုတိုးဖို့အတွက် ဘယ်လိုစည်းမျဉ်းတွေကို ရှောင်ကြဉ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

နာရီ ပတ်ပါ

Important Fashion Rules All Men Should Learn

နာရီဝတ်ဆင်ခြင်းက သင့်ကို ဆွဲဆောင်မှုတိုးစေသလို ဖက်ရှင်လည်း ကျစေပါတယ်။ သင်က နာရီ ဝယ်စုရတာ ဝါသနာမပါဘူးဆိုရင်တောင်မှ အနည်းဆုံး လက်ပတ်နာရီတစ်ခုလောက်တော့ ဝယ်ထားသင့်ပါတယ်။

အရောင်နုတွေ ဝတ်ဆင်ရမှာကိုလည်း မကြောက်ပါနဲ့

Important Fashion Rules All Men Should Learn

တချို့အမျိုးသားတွေက ပန်းရောင် မဝတ်ချင်ကြပါဘူး။ မိန်းကလေးတွေပဲ ပန်းရောင် ဝတ်ကြတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ထိုအရောင်သည်လည်း ယောကျာ်းလေးများနှင့် လိုက်ဖက်တဲ့အရောင်တစ်ခုဖြစ်ပါတယ်။ အစိမ်းရောင်၊ နို့နှစ်ရောင်၊ အပြာရင့်ရောင် စတဲ့အရောင်ကွဲတွေကို ဝတ်ဆင်ဖို့ ဝန်မလေးပါနဲ့။

လူငယ်ဆန်ချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီဝတ်ပါ

Important Fashion Rules All Men Should Learn

ဂျင်းဘောင်းဘီသည် ရာသီမရွေး အချိန်မရွေး ဝတ်ဆင်နိုင်ပြီး အကြမ်းလည်း ခံသလို ဖက်ရှင်လည်းကျတဲ့ အဝတ်အစားတစ်မျိုးပါ။ သင့်အနေနဲ့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ယတ်ဆင်ချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီကို ဦးစားပေး ဝတ်ဆင်နိုင်ပါတယ်။

ပုံပန်းသွင်ပြင်ကိုလည်း ဂရုစိုက်ပါ

Important Fashion Rules All Men Should Learn

နာမည်ကြီးအဝတ်အစားတွေ ဝတ်ဆင်ပေမယ့် ထိုအဝတ်အစားတွေက မသပ်မရပ်ဖြစ်ပြီး ညစ်ပတ်နေမယ် မီးပူမတိုက်ထားဘဲ တွန့်ကြေနေမယ်ဆိုရင်တော့ သင့်ရဲ့ဖက်ရှင်သည်လည်း ဘယ်လိုမှ စမတ်ကျနေမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့အဝတ်အစားများကို မှန်မှန်လျှော်ပါ။ မီးပူလည်း ပုံမှန်တိုက်ပေးရပါမယ်။

အရည်အသွေးကောင်းတဲ့ဖိနပ်တွေကို ရွေးချယ်ပါ

Important Fashion Rules All Men Should Learn

သင့်ရဲ့အဝတ်အစားက ဘယ်လောက်ပဲ စမတ်ကျနေပါစေ ဖိနပ်က သင့်အဝတ်အစားနဲ့ လိုက်ဖက်မှုမရှိ ဖြစ်နေမယ်ဆိုရင်တော့ သင့်ရဲ့ဖက်ရှင်က လုံးဝပျက်စီးသွားပါပြီ။ အသစ် အသစ်သောဖိနပ်တွေကိုသာ ဝယ်ဝတ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဖိနပ်ကို အမြဲတစေ သန့်ရှင်းတောက်ပြောင်နေအောင် ပွတ်တိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။

Source: Fashionbeans.com