ဒက်စတင်ပွိုင်ယာနဲ့ ပွဲမှာ ခြေထောက်ကျိုးသွားတဲ့ နာမည်ကျော် MMA Boxer ကော်နာမက်ဂရီဂေါ်ဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် အားကစားရုံမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ ဆိုပါတယ်။
မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကျင်းပခဲ့တဲ့ ပွိုင်ယာနဲ့ UFC 264 main event မှာ ထိခိုက်ဒဏ်ရာရသွားပြီးနောက် ဆရာဝန်မှတ်ချက်နဲ့ ပွဲရပ်ပြီး အရှုံးပေးခဲ့ရတာပါ။ ပထမအချီမှာတောင် ခြေထောက်ခေါက်သွားခဲ့တာပါ။ ခြေထောက်ပိုင်း ခွဲစိတ်ကုသမှုလုပ်ခဲ့ပြီးနောက် ကာလတိုအတွင်းမှာပဲ ဒဏ်ရာသက်သာလာခဲ့တာ ဖြစ်ပါတယ်။ ခြေထောက်ကိုတော့ မကစားသေးဘဲ အပေါ်ပိုင်း ဘော်ဒီကို ကစားနေတဲ့ ပုံတွေကို Instagram လူမှုကွန်ရက်ပေါ်မှာ မက်ဂရီဂေါ်ဟာ တင်ခဲ့ပါတယ်။

Photo: MMA Mania
နောက်တစ်ကျော့ UFC ကြိုးဝိုင်းထဲ မဝင်ခင်မှာ အသက် ၃၃ နှစ်အရွယ် MMA သမားဟာ အားသွန်ခွန်စိုက်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Instagram ပေါ်မှာ Gym ကစားနေတဲ့ပုံတွေ တင်ထားပြီး ပုံနဲ့အတူ “ဘဝဆိုတာ ကျွန်တော်တို့ ဘယ်လိုကြုံရဖြစ်ပျက်ရမယ်ဆိုတာကို ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီလို ဖြစ်ပျက်တွေ့ကြုံလာတာတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာပါပဲ။ ကဲ လုပ်လိုက်ရအောင်။ ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ ရေးထားပါတယ်။
UFC ဥက္ကဌ ဒါနာဝှိုက်ကတော့ မက်ဂရီဂေါ်မှာ နာတာရှည်အဆစ်ရောင်တဲ့ ဝေဒနာခံစားနေရတယ်လို့ ပြောထားပါတယ်။ အိုင်းရစ်လူမျိုး ဖိုက်တာကတော့ UFC 264 ပွဲကို ဒဏ်ရာနဲ့ ဝင်ပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့တာလို့ ဝန်ခံထားပါတယ်။

Photo; NY Post
“အဲ့ဒီပွဲထဲ ဝင်သွားတော့ ကျွန်တော့်မှာ ဒဏ်ရာက ရှိနေခဲ့တာပါ။ လူတွေက မေးကြတယ်။ ကျွန်တော့်ခြေထောက် ဘယ်နားများ ကျိုးသွားလို့လဲပေါ့။ ဒါဆို ဒိုင်ယာနာဝှိုက်ကို မေးပါ။ UFC ကို မေးပါ။ အဲ့ဒီ UFC ပွဲမှာ ဆရာဝန်လုပ်တဲ့ ဒေါက်တာ ဒေးဗစ်ဆင်ပဲ မေးပါ။ သူတို့ သိတယ်။ ကျွန်တော့ခြေထောက်က အဲ့ကတည်းက ဖိအားနဲ့ကျိုးနေတာကို သူတို့သိတယ် ” လို့ မက်ဂရီဂေါ်က ဆိုပါတယ်။
“ကျွန်တော်က Terminator 2 ထဲက အာနီး (အာနိုး ရှဝါဇနက်ဂါ) လိုပဲ။ ကျွန်တော့်မှာ မကျိုးနိုင်တဲ့ တိုက်တေနီယမ်ခြေထောက်တစ်ခု ရှိတယ်။ ကျွန်တော့်ကို ဘယ်သူမှ တားလို့ မရနိုင်ဘူး။ ဘယ်သူမှ အိုင်းရစ်တစ်ယောက်ကို အလဲမထိုးနိုင်ဘူး။ ခင်ဗျား MacMan (အိုင်းရစ်ရှေးဂဲလစ်နာမည်- ဝက်ဝံဟုအဓိပ္ပါယ်ရ) ကို အနိုင်မယူနိုင်ပါဘူး”
