မျက်မှန်သမားတွေ အများဆုံးကြုံရတဲ့ ပြဿနာတစ်ခုက မှန်တွေ အကွက်ထခြင်းပဲ ဖြစ်ပါတယ်။ အခုလို မိုးရာသီမှာဆို မျက်မှန်မှာ မိုးရေစိုပြီး အကွက်ထတာ အဖြစ်များပါတယ်။ ဒါကြောင့် စိတ်ရှုပ်စရာကောင်းတဲ့ မျက်မှန်ပေါ်က အစွန်းအကွက်တွေကို ၅ မိနစ်အတွင်း ရှင်းလင်းနိုင်မယ့် နည်းလေးတွေ မျှဝေလိုက်ပါတယ်။

(၁) သန့်ရှင်းပေးပါ

Clean Your eye glasses

Photo: TheManual

အရင်ဆုံး မျက်မှန်ကို အနုစား Microfiber အဝတ်စလေး သုံးပြီး သန့်ရှင်းရေး လုပ်ရမှာပါ။ မျက်မှန်သုတ်တဲ့ Microfiber နဲ့ Lens Cleaner တို့ကို သုံးပြီး မျက်မှန်ပေါ်က ဖုန်နဲ့ အညစ်အကြေးတွေကို သန့်ရှင်းပေးရမှာပါ။

(၂) မှန်ဆေးရည် ဖော်စပ်ပါ

Mix Solution

Photo: TheManual

မှန်တွေ သန့်ရှင်းဖို့အတွက် အလွယ်ဆုံး မှန်ဆေးရည်ကို ကိုယ့်အိမ်မှာတင် လုပ်လို့ ရပါတယ်။ ဒီအတွက် ရေနဲ့ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းနှစ်ဇွန်းစာပဲ လိုပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ရေကိ ခပ်ပြစ်ပြစ်ဆေး Paste ရအောင် ဖျော်ထားပါ။

(၃) မျက်မှန်ပေါ် သုတ်ပါ

Apply Solution

Photo: TheManual

ဒီ Paste ကို မှန်ပေါ်က အကွက်ထနေတဲ့ နေရာတွေပေါ် သုတ်ပြီး အမွေးနု Microfiber အဝတ်စ ဖြစ်ဖြစ် ဂွမ်းလုံး Cotton Ball နဲ့ ဖြစ်ဖြစ် အားသိပ်မသုံးဘဲ ညင်ညင်သာသာနဲ့ပဲ စက်ဝိုင်းပုံစံ ပွတ်ပေးရမှာပါ။

(၄) ဆေးပေးပါ

Rinse with water

Photo: TheManual

မျက်မှန်တစ်ပြင်လုံးမှာ မှန်ဆေးရည် လောင်းပြီး သေချာသန့်ရှင်းပေးပြီးရင်တော့ ရေနဲ့ ဆေးချရမှာပါ။ ရေနဲ့ ဆေးပြီးတာနဲ့ မှန်ဆေးရည် Lens Cleaner ဗူးနဲ့ Microfiber အဝတ်စကို သုံးပြီး ထပ်ပြီး ဆေးကြောပေးရမှာပါ။ ဒီအဆင့်တွေအကုန်လုံးလုပ်ဖို့ ၄-၅ မိနစ်ထက် မကြာပါဘူး။ လွယ်ကူပြီး မြန်ဆန်တဲ့ မျက်မှန်တွေ သန့်ရှင်းတဲ့နည်း ဖြစ်ပါတယ်။