စမတ်ကျပြီး စတိုင်မိတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ဖို့ အဝတ်အစားက အဓိက အဆုံးအဖြတ်ပေးပါတယ်။ ခေါင်းအစ ခြေအဆုံး ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားက ကိုယ့်ရဲ့ ပုံစံကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ ဒီလို ပြောလို့ ဖက်ရှင်ကျအောင် နာမည်ကြီးတဲ့ အဝတ်အစားတိုင်း လိုက်ဝယ်စရာ မလိုပါဘူး။ အခုပြောမယ့် ဖက်ရှင် Item ၅ မျိုးရှိရင်ကို လုံလောက်ပြီလို့ ပြောချင်ပါတယ်။
(၁) Button-Up Oxford Shirt

Photo: Buffalo Jackson
Oxford Shirt တွေဟာ Smart Casual ဖက်ရှင်ထဲမှာ ပါပါတယ်။ များသောအားဖြင့် ရုံးတက်ရာမှာဖြစ်ဖြစ် သားသားနားနား ဝတ်သွားစရာ ပေါ်ရင်ပဲ ဖြစ်ဖြစ် အောက်က စမတ် Pant နဲ့ တွဲဝတ်ရတဲ့ အင်္ကျီအမျိုးအစား ဖြစ်ပါတယ်။ Button-Up Oxford Shirt တွေက ရိုးရှင်းတယ် ၊ သပ်ရပ်တယ် ၊ ဘယ်တော့မှလည်း ဒိတ်အောက်သွားတယ်လို့ မရှိပါဘူး။ Oxford Shirt တွေကို Light-Wash Jeans နဲ့ ဖြစ်ဖြစ် Cotton Pant နဲ့ပဲ ဖြစ်ဖြစ် တွဲဝတ်နိုင်ပါတယ်။
(၂) Polo

Photo: Combatant Gentleman
ကိုယ့်ဘော်ဒီနဲ့ အချိုးကျပြီး ပုခုံး ၊ လက်မောင်း ၊ ရင်ဘတ် အဆင်ပြေတဲ့ Polo Shirt ကောင်းကောင်းတစ်ထည်ကလည်း အမျိုးသားတွေရဲ့ အဝတ်ဗီရိုထဲမှာ မရှိမဖြစ် လိုအပ်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Polo Shirt တွေက ဘောင်းဘီတိုနဲ့ရော ၊ အရှည်နဲ့ပါ လိုက်ဖက်ပါတယ်။ ကြည့်ကောင်းအောင် Minimal Leather Sneaker တစ်ရံနဲ့ တွဲစီးသင့်ပါတယ်။ အရောင်အနေနဲ့ အဖြူဒါမှမဟုတ် နက်ပြာမျိုး ရွေးပါ။
(၃) White Sneaker

Photo: manofmany
Sneaker တွေက လူငယ်ဆန်ပြီး တက်ကြွထက်မြက်တဲ့ဟန်ကို ပေးနိုင်စွမ်းရှိတဲ့ ဖက်ရှင်ပစ္စည်းပါ။ Sneaker တွေကလည်း Brand ပေါင်းစုံ ၊ ကာလာမျိုးစုံ ထွက်ပါတယ်။ အကောင်းဆုံးက ရိုးရှင်းပြီး ပရီမီယံဆန်တဲ့ အဖြူရောင် Leather Sneaker မျိုး စီးတာပါပဲ။ ရိုးရှင်းသပ်ရပ်ပြီး Minimal ဆန်ဖို့က အရေးကြီးပါတယ်။
(၄) Light-Wash Jeans

Photo: Esquire
Jeans ဖက်ရှင်တွေကတော့ အရင်မျိုးဆက်တွေလည်း မက်မက်မောမော ဝတ်ခဲ့သလို နောင်လာမယ့် မျိုးဆက်တွေလည်း ဆက်ပြီး ဝတ်နေကြဦးမှာပါ။ Jeans ဘောင်းဘီဝတ်မယ်ဆိုရင် မိုးပြာဖျော့ Light-Wash ကာလာ Jeans တွေ ဝယ်ထားတာ မမှားပါဘူး။ ဘောင်းဘီပဲ ဝယ်ဝယ် Jacket ပဲ ဝတ်ဝတ် Light-Wash တစ်ထည်တော့ ဝယ်ထားသင့်ပါတယ်။
(၅) Tee Shirt

Photo: Esquire
ရိုးရိုးရှင်းရှင်း Tee Shirt တစ်ထည်ဟာ နေရာမရွေး ဝတ်လို့ကောင်းတဲ့ ဖက်ရှင်ပါ။ လူငယ်တွေအကြိုက် Tee က အဖြူနဲ့အနက်ရောင် ဗြောင်ရှင်းရှင်း ပုံစံ ဖြစ်ပါတယ်။ ရိုးရိုးလည်ဝိုက်ပုံစံအပြင် V-Neck ဒီဇိုင်း တစ်ထည်လောက်လည်း ရှိထားသင့်ပါတယ်။ Tee Shirt အဖြူရောင်ဆို Under Layer အဖြစ် အပေါ်မှာ Jacket အပါးနဲ့ တွဲဝတ်ရင်လည်း ကြည့်ကောင်းပါတယ်။
အခုပြောခဲ့တဲ့ အဝတ်အစားတွေအပြင် ချည်ပျော့သား Chino ဘောင်းဘီလေး တစ်ထည်ရှိတာကလည်း တော်ရုံပွဲတက်ဖို့ အဆင်ပြေပါတယ်။
