ကြက်ဥထဲတွင် ပရိုတင်းဓာတ်နှင့် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုကဲ့သို့အာဟာရပြည့်ဝတဲ့ ကြက်ဥကို တစ်နေ့ (၂) လုံး ပုံမှန်စားသုံးပေးပါက အံ့မခန်းသော ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်စေပါတယ်။

သင့်အနေနဲ့ တစ်နေ့လျှင် ကြက်ဥ (၂) လုံး ပုံမှန်စားသုံးပေးပါက သင့်ခန္ဓာကိုယ်က ဘာတွေပြောင်းလဲသွားမလဲဆိုတာကို သင် သိပါသလား။

သင့်ဦးနှောက်သည် Choline ဓာတ်ရဲ့ ကာကွယ်မှုအောက်မှာ တည်ရှိသွားပါတယ်

benefits of eating egg for men

ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ရန်အတွက် Phospholipids များ လိုအပ်ပါတယ်။ ထို Phospholipids များထဲတွင် Choline ဓာတ်များပါဝင်ပြီး သင်က တစ်နေ့လျှင် ကြက်ဥ (၂) လုံး စားသုံးပေးပါက Choline ဓာတ်များ တဖြည်းဖြည်း မြင့်မားလာပါလိမ့်မယ်။ အကျိုးကျေးဇူးအနေနဲ့ကတော့ သင့်ရဲ့မှတ်ဉာဏ်အား တိုးမြှင့်လာခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ဦးနှောက်ထဲမှာ Choline ဓာတ်များ ချို့တဲ့နေမယ်ဆိုရင်တော့ မှတ်ဉာဏ်ကျဆင်းခြင်းကို ကြုံတွေ့ခံစားရပါလိမ့်မယ်။

အမြင်အာရုံ ကောင်းမွန်စေခြင်း

benefits of eating egg for men

လေ့လာတွေ့ရှိချက်အသစ်အရ ကြက်ဥထဲတွင် Lutein ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်သည် အမြင်အာရုံကြည်လင်ပြတ်သားဖို့ရန်နှင့် အမြင်စူးရှဖို့ရန်အတွက် ကူညီပေးပါတယ်။ တကယ်လို့ သင့်မျက်စိက Lutein ဓာတ်များ ချို့တဲ့နေမယ်ဆိုရင်တော့ သင့်အမြင်အာရုံများ တဖြည်းဖြည်းကျဆင်းလာပြီး မျက်စိကျန်းမာရေး ထိခိုက်လာပါလိမ့်မယ်။

အရိုးအဆစ်နှင့် သွားများ ကျန်းမာကြံ့ခိုင်စေခြင်း

benefits of eating egg for men

ငါးကြီးဆီ တစ်ဇွန်းစာထဲမှာပါဝင်တဲ့ ဗီတာမင်ဒီဓာတ်နှင့် ကြက်ဥပြုတ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဒီဓာတ်သည် အတူတူပါပဲ။ ဒါ့ကြောင့် ကြက်ဥပြုတ်ကို နေ့စဉ်စားသုံးပေးပါက ဗီတာမင်ဒီဓာတ်များ လုံလောက်စွာရရှိပြီး အရိုးနှင့် သွားများ ကျန်းမာကြံ့ခိုင်လာပါလိမ့်မယ်။

အသားအရေ၊ ဆံကေသာနှင့် အသည်းကျန်းမာရေး

benefits of eating egg for men

ကြက်ဥထဲမှာပါဝင်တဲ့ Biotin ၊ ဗီတာမင် B12 နှင့် အစာချေဖျက်လွယ်သော ပရိုတင်းဓာတ်တို့သည် အသားအရေအလှအပနှင့် ဆံကေသာအလှအပအတွက် အရေးကြီးတဲ့ခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါ့အပြင် Phospholipids သည်လည်း အသည်းထဲမှာစုပုံနေတဲ့ အဆိပ်အတောက်များကို ဖယ်ရှာပေးတာကြောင့် အသည်းကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကို လျော့ချပေးခြင်း

benefits of eating egg for men

ကြက်ဥထဲမှာပါဝင်တဲ့ အာဟာရဓာတ်များသည် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စတောပမာဏကို လျော့ချပေးပြီး အိုမီဂါသရီး အက်စစ်ကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို တားဆီးပေးပါတယ်။

ဝိတ်ကျစေခြင်း

benefits of eating egg for men

သင်သည် မနက်စာကို ကယ်လိုရီနည်းသော အစားအစာနှင့် ကြက်ဥတို့ကို တွဲဖက်စားသုံးပေးပါက ဝိတ်ကျဖို့အတွက် နှစ်ဆမြန်ဆန်စေတယ်လို့ အမေရိကန်သိပ္ပံပညာရှင်များရဲ့ ကောက်ချက်ဆွဲခြင်းအရ သိရှိနိုင်ပါတယ်။ မနက်စာကို ကြက်ဥနှင့် အစပြုခြင်းအားဖြင့် အစား အလွန်အကျွံ စားချင်စိတ်ကို ထိန်းချုပ်ပေးလို့ပဲဖြစ်ပါတယ်။

Source: Brightside.me