ဖက်ရှင်နဲ့ပတ်သက်လာရင် ဖက်ရှင်အမျိုးအစားတစ်ခုတည်းကိုပဲ ဝတ်ဆင်ခြင်းထက်စာရင် မတူညီတဲ့ ဖက်ရှင်အမျိုးမျိုးကို ပြောင်းလဲဝတ်ဆင်ခြင်းက သင့်ရဲ့စတိုင်လ်ကို သစ်လွင်စေပါတယ်။ သင့်အနေနဲ့ လူပုံအလယ်မှာ ထင်ရှားပေါ်လွင်တဲ့ ဖက်ရှင်မျိုး ပိုင်ဆိုင်ချင်တယ် ဆွဲဆောင်မှု တိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်စည်းမျဉ်းလေးတွေကို လိုက်နာသင့်ပါတယ်။
အရောင်ရင့်

အရောင်ရင့်တွေကတော့ သင့်ကို လုံးဝ ဆွဲဆောင်မှုတိုးပြီး ထင်းခနဲ၊ လင်းခနဲ ဖြစ်သွားစေမှာပါ။ လူအများရဲ့အမြင်အာရုံကို ညှို့ယူဖမ်းစားချင်တယ်ဆိုရင်တော့ ပုံမှန်ဖြစ်နေကျအရောင်မျိုးကို ရှောင်ကြဉ်ပြီး မိမိ တစ်ခါမှ မဝတ်ဆင်ဖူးတဲ့အရောင်မျိုး စမ်းဝတ်ကြည့်လိုက်ပါ။
အဖြူရောင်

အဖြူရောင်ကို ရှပ်အဖြူရောင်နှင့် စတိုင်လ်ဘောင်းဘီအဖြူရောင်တို့ကို တွဲဖက်ဝတ်ဆင်ကြည့်လိုက်ပါ။ စမတ်ကျကျနဲ့ လှပတဲ့ဖက်ရှင်မျိုးကို ပိုင်ဆိုင်နိုင်ပါတယ်။
နှစ်ရောင်စပ်ဖိနပ်

ရိုးရိုးရှင်းရှင်းလေးနဲ့ သိပ်အားစိုက်ထုတ်စရာမလိုတဲ့ဖက်ရှင်မျိုးကို လိုချင်တယ်ဆိုရင်တော့ နှစ်ရောင်စပ်ရှူးဖိနပ်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
အရောင်အသွေးစုံလင်သော ခြေအိတ်

ဆွဲဆောင်မှုတိုးချင်တယ်ဆိုရင် သင့်ရဲ့ဖက်ရှင်ကို အသေးစိတ်ကအစ ဂရုစိုက်သင့်ပါတယ်။ သင်က ရိုးရှင်တဲ့ ဖက်ရှင်ပဲ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဗြောင်ခြေအိတ်ကိုသာ ဝတ်ဆင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ လူပုံအလယ်မှာ သိသာထင်ရှားတဲ့ဖက်ရှင်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အရောင်အသွေးစုံတဲ့ ခြေအိတ်ကို ဝတ်ဆင်သင့်ပါတယ်။
နာရီဝတ်ဆင်တဲ့အခါ

သင့်နာရီကို တီရှပ်အင်္ကျီလက်ရှည်ရဲ့အောက်မှာ ဖွက်ထားတာထက်စာရင် တီရှပ်အပေါ်မှာ ထပ်ပြီး ဝတ်ဆင်လိုက်ပါ။ ဒီလိုတီထွင်ဆန်းသစ်လိုက်တဲ့အခါ သင့်ရဲ့ဖက်ရှင်က သူများနဲ့မတူဘဲ တမူထူးခြားနေမှာပါ။
ရုံးတက်တဲ့အခါ ဘယ်လိုအိတ်မျိုး ဆောင်သင့်သလဲ

ကျောပိုးအိတ်တွေ ဘေးလွယ်အိတ်တွေ လွယ်မယ့်အစား စတိုင်လ်လည်းကျစေပြီး စမတ်ကျကျအသွင်ပေါ်စေဖို့ရန်အတွက် စာရွက်စာတမ်းထည့်တဲ့အိတ်အကြီးစား ဝယ်ကိုင်ပါ။ ဖိုင်တွဲလိုလည်း သုံးလို့ရသလို လက်ကိုင်အိတ်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
ဦးထုပ်

သာမန်ဖက်ရှင်ပဲဆိုရင်တော့ လျှာထိုးဦးထုပ်နဲ့တင် လုံလောက်ပါတယ်။ ဒါပေမဲ့ ထူးခြားဆန်းသစ်တဲ့ဖက်ရှင်မျိုး လိုချင်တယ်ဆိုရင်တော့ ဒီလိုရှေးကျတဲ့ဦးထုပ်လေးကို ဝတ်ဆင်သင့်ပါတယ်။
Source: Dmarge.com
