အချို့အမျိုးသားများ တက်တူးထိုးတဲ့အခါ အင်္ကျီနဲ့ အလွယ်တကူဖုံးအုပ်လို့ရမယ့် နေရာမျိုးကို ရွေးပြီး တက်တူးထိုးလေ့ရှိကြပါတယ်။ သင့်အနေနဲ့ သင် ထိုးထားတဲ့ တက်တူးကို မဖုံးချင်ဘူး။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ထိုးလို့ရတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးလေးတွေကို ရေးထိုးနိုင်ပါတယ်။
လက်ပေါ်မှာ ရေးထိုးထားနိုင်တဲ့ တက်တူးအသေးစားလေးတွေပဲဖြစ်တာကြောင့် ဖက်ရှင်လည်းကျမှာဖြစ်သလို တက်တူးအကြီးကြီးတွေလိုမျိုး ထင်းခနဲ လင်းခနဲ ပေါ်လွင်နေမှာမဟုတ်တဲ့အတွက်ကြောင့် အထူးတလည်စိုးရိမ်နေစရာမလိုပါဘူး။
ဖက်ရှင်လည်းကျသလို မိုက်လည်း မိုက်တဲ့ တက်တူးအသေးစားလေးတွေကို ဆက်လေ့လာကြည့်လိုက်ရအောင်။

Source: Nextluxury.com
