COVID-19 ကပ်ရောဂါအခြေအနေကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှုတွေဟာ ဘယ်တုန်းကမှ စိတ်ကူးမထားဖူးသလို ဖြစ်လာပါတယ်။ ကိုဗစ်ကူးစက်မှု ရှောင်ရှားဖို့ အရင်တုန်းကလို အိမ်ပြင်ထွက်ပြီး ဘော်ဒါတွေနဲ့ တွေ့လို့ မရတော့ဘူး။ ဘားတွေသွားတာ ၊ ရုပ်ရှင်တွေကြည့်တာ ၊ Gym တွေ ကစားတာ စတဲ့စတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အလေ့အထလေးတွေ ပျက်သွားပါတယ်။
အိမ်ထဲမှာပဲ တချိန်လုံး နေနေရတာ မလွယ်ပါဘူး။ ဒါပေမယ့်လည်း ရောဂါဘေးနဲ့ ဝေးရအောင် အိမ်ထဲမှာပဲ နေနေရဦးမှာပါ။ ဒီလို အိမ်တွင်းအောင်း Lock Down လုပ်နေချိန်မှာ ကိုယ့်စိတ်ကို ချမ်းသာအောင် Entertain လုပ်နိုင်မယ့်နည်းလေးတွေ လိုပါတယ်။
(၁) ခြံစိုက်ပါ

Photo: Unsplash
ခြံနဲ့ဝင်းနဲ့ နေရတဲ့သူတွေအဖို့ ဒီကာလမှာ စိတ်ချမ်းသာအောင် ထားလို့ရမယ့်နည်းလမ်းကောင်းတစ်ခုက ကိုယ့်အိမ်ထဲက မြေပိုလေးတွေမှာ သီးပင်စားပင်နဲ့ ပန်းပင်လေးတွေ စိုက်ပျိုးပေးဖို့ပါပဲ။ ခြံထဲမှာ စိတ်ကူးရသလို မျိုးစေ့လေးတွေ ကြဲပြီး အပင်စိုက်ခြင်းဟာ ကုန်ကျစရိတ်အနည်းဆုံး စိတ်ချမ်းသာရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ခြံထဲဆင်းပြီး ကိုယ်ပျိုးထားတဲ့အပင်လေးတွေ ကြည့်ရတာ စိတ်လည်းချမ်းသာသလို လေကောင်းလေသန့်လည်း ရှုဖြစ်ပါတယ်။ ပန်းလေးတွေ ပွင့်လာတာ ၊ အပင်အညွန့်အတက်လေးတွေ လွန့်လာတာကို ကြည့်ရတာဟာ သစ်ပင်စိုက်သမားတစ်ယောက်ရဲ့ တန်ဖိုးကြီးပီတိရသတစ်ခု ပါပဲ။
(၂) ဝါသနာမွေးပါ

Photo: Unsplash
ပုံမှန်နေ့စဉ်ဘဝမှာ ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်များနေတာကြောင့် ဝါသနာပါတာတွေ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ပါမယ်။ အခုလို ကပ်ရောဂါကာလမှာတော့ အိမ်တွင်းအောင်းနေရင်း ကိုယ်စိတ်ဝင်စားတဲ့အလုပ်လေးတွေ လုပ်နေလို့ ရပါပြီ။ အိမ်ပုံစံမော်ဒယ်လေးတွေ ချိုးတာ ၊ ပရိဘောဂလေးတွေ လုပ်တာကနေ YouTube ကနေ ကြည့်ပြီး အိမ်မှာတင် ဘီယာလုပ်နည်းလေးတွေ လက်တည့်စမ်းတာမျိုးလည်း လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၃) ရုပ်ရှင်ကားကောင်းတွေ ကြည့်ပါ

Photo: Unsplash
ဒီကာလမှာ အချိန်ပိုတွေ အများကြီးရပါတယ်။ စာဖတ်တာ ဝါသနာပါရင် မဖတ်ဖြစ်တဲ့ စာအုပ်ဟောင်းတွေ ထုတ်ဖတ်ပါ။ စာမဖတ်ချင်ရင်တော့ Netflix လို Movie Streaming Site တွေကနေ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ကြည့်နိုင်ပါတယ်။ အနည်းဆုံးတော့ Google မှာ အော်စကာရတဲ့ ဟောလီးဝုဒ်ကားတွေလို့ ရိုက်ရှာပြီး တစ်ကားချင်းကြည့်နိုင်ပါတယ်။ အာရှရုပ်ရှင်တွေ သဘောကျရင် အိန္ဒိယတမီလ်ကားတွေ နဲ့ ကိုရီးယားဇာတ်ကားကောင်းတွေ ကြည့်ဖို့ အကြံပေးချင်ပါတယ်။
(၄) ကမ္ဘာကြီးအကြောင်း လေ့လာပါ

Photo: Unsplash
အခုချိန်မှာ အိမ်မှာနေရင်း ကိုယ်သိချင်တဲ့အရာအားလုံးကို သိအောင် လုပ်ဖို့ အခွင့်အရေးရှိနေပါပြီ။ အွန်လိုင်းကနေ ဝက်ဘ်ဆိုက်တွေ ၊ ဘလော့ဂ်တွေ ဝင်ဖတ်ပြီး ပညာရှာနိုင်သလို YouTube တို့ Educational Sites တွေကနေလည်း Documentaries တွေ ကြည့်နိုင်တာပါပဲ။
(၅) ကိုယ့်အိမ်ကို အလှဆင်ပါ

Photo: Unsplash
တစ်နှစ်နေလို့ တစ်ခါ Decorate မလုပ်ဖြစ်တဲ့ ကိုယ့်အိမ်ကို အလှဆင်ပြီးလည်း စိတ်ကို Entertain လုပ်နိုင်ပါတယ်။ Social Media တွေပေါ်က DIY နည်းလေးတွေကို လိုက်ကြည့်ပြီး ကိုယ့်ဘာသာ Home Decoration လုပ်ကြည့်ပါ။ အိမ်နံရံတွေဆေးသုတ်တာ ၊ မီးအလှဆင်တာနဲ့ ကိုယ့်စိတ်ကူးထဲက Wallpapers လေးတွေ ကပ်တာမျိုးအထိ စိတ်ကူးရှိရင် ရှိသလို လုပ်နိုင်ပါတယ်။
