ကိုယ် ကြိတ်ကြွေနေတဲ့ ကောင်မလေးနဲ့ First Date မှာ အဆင်ပြေဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကောင်မလေးနဲ့ ဖောင်ဖွဲ့နေအောင် စကားပြောတတ်ဖို့ပါပဲ။ သင့်အနေနဲ့ အေးစက်စက်ကြီး ထိုင်နေဖို့ မသင့်တော်သလို ဦးတည်ချက်မဲ့နေသလို စကားပြောလို့လည်းမဖြစ်ပါဘူး။
သူ(မ) စိတ်ဝင်စားစေမယ့် အကြောင်းအရာမျိုးကို သေချာရွေးချယ်ကာ စကားပြောသင့်ပါတယ်။ သင်က ဘယ်လောက်ပဲ စကားနည်းတဲ့သူဖြစ်နေပါစေ First Date မှာတော့ စကားများများပြောပေးဖို့ လိုကို လိုအပ်ပါတယ်။
စကားနည်းတဲ့ ယောကျာ်းများအတွက် First Date မှာ ကိုယ့်ခရက်ရှ်နဲ့ အဆင်ပြေနေစေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။
မိမိသွားနေကျ ကော်ဖီဆိုင်မှာပဲ ဒိတ်ပါ

သင် စစ်ခါမှာ မသွားဖူးတဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်မှာ ဒိတ်မယ်ဆိုရင် စားသောက်ဆိုင်က မီနူးတွေကို ဖတ်ရင်းနဲ့ အချိန်ကုန်သွားပါလိမ့်မယ်။ သင် ထိုင်နေကျမဟုတ်တဲ့အတွက်ကြောင့် Order မှာပြီးတာနဲ့ တစ်ခါတည်းရှင်းရမှာလား၊ စားသောက်ပြီးမှ ပိုက်ဆံရှင်းရမှာလားဆိုတာ မသိနိုင်ပါဘူး။ ဒါ့ကြောင့် သင် သွားနေကျ ဆိုင်မှာပဲ ဒိတ်သင့်ပါတယ်။
အပေါ်ယံ မေးခွန်းများ မေးမြန်းခြင်းကို ရှောင်ကြဉ်ပါ

ရာသီဥတု ပူကြောင်း၊ အေးကြောင်းတွေက အရေးမကြီးတဲ့ မေးခွန်းတွေပါ။ ထိုမေးခွန်းတွေ မေးမယ့်အစား သူ(မ) ကြိုက်တတ်တဲ့အရာတွေ သူ(မ) ဝါသနာပါတဲ့အရာတွေ စတဲ့ မေးမြန်းတွေ မေးမြန်းရင်း သူ(မ)အကြောင်းကို လေ့လာနိုင်ပါတယ်။
အတွင်းကျကျ ဖြေဖို့လည်း မလိုအပ်ပါဘူး

First Date မှာပဲ သင့်ရဲ့အကြောင်းတွေအကုန်လုံးကို အိတ်သွန်ဖာမှောက် အကုန်ပြောပြလိုက်တဲ့အခါ စိတ်ဝင်စားစရာမကောင်းတော့ပါဘူး။ သင်က သူ(မ)အပေါ်မှာ ပွင်းလင်းပြီး ရိုးသားချင်စိတ်ရှိပါလိမ့်မယ်။ ဒါပေမဲ့ ပဟေဠိဆန်မှလည်း သူ(မ)က စိတ်ဝင်စားမှာမဟုတ်လား။ ဥပမာ သင့်မှာ အလုပ်ကြောင့် စိတ်ညစ်စရာတွေရှိလည်း ထိုအရာတွေကို အတွင်းကျကျ မပြောပြပါနဲ့။ သူ(မ) စိတ်ညစ်သွားနိုင်သလို သင်က အဆိုးမြင်စိတ်ရှိသူတစ်ယောက်လို့လည်း မြင်သွားပါလိမ့်မယ်။
အဆာပြေတစ်ခုခု စားသွားပါ

အခုမှတွေ့တဲ့ ကောင်မလေးအရှေ့မှာ သင် အားရပါးရ အစား စားဝင်မှာမဟုတ်ပါဘူး။ ဒိတ်နေစဉ် ဗိုက်ဆာရင်လည်း သင် ကြာကြာ ထိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူ(မ)နဲ့ မတွေ့ခင်မှာ အဆာပြေတစ်ခုခု စားသွားလိုက်ပါ။
သူ(မ)ကိုလည်း စကားပြောခွင့်ပေးပါ

သူ(မ) အအေးခွက်ထဲက အချိုရည်တွေက ကုန်နေပြီ သင့်ရဲ့ခွက်ထဲမှာတော့ အပြည့်ရှိနေတုန်းပဲဆိုရင် သေချာပါတယ် သင်ချည်းပဲ စကားပြောနေပြီး သူ(မ) စကားပြောတာကို သင် နားမထောင်ပါဘူး။ အသွားအပြန် စကားပြောမှ သူ(မ)ဘက်ကလည်း သင်နဲ့ တဖြည်းဖြည်းရင်းနှီးလာမှာဖြစ်ပြီး နောက်ထပ် ထပ်မံတွေ့ဆုံဖို့အတွက် ငြင်းဆန်မှာမဟုတ်တော့ပါဘူး။
မျက်လုံးချင်းစကားပြောပါ

သူ(မ)နဲ့ မျက်လုံးချင်းဆုံတဲ့အခါ ပြုံးရယ်ပြလိုက်ပါ။ စကားပြောတဲ့အခါ အကြည့်ချင်းမဆုံဘဲ စကားပြောခြင်းက သင်တို့ကို ကသိကအောက်ဖြစ်စေမှာဖြစ်ပြီး သင်တို့ရဲ့ Communication ကို ရှုံးနိမ့်စေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် Body Language အသုံးပြုပေးဖို့လည်း လိုပါတယ်။
Source: Nextluxury.com
