ဖက်ရှင်ကျကျ ဝတ်ဆင်ဖို့ရန်အတွက် ဘာမှ မခက်ခဲဘူးလို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အသေးစိတ်လေးတွေကအစ သေချာဂရုစိုက်ပေးမယ်ဆိုရင်တော့ သင့်ဖက်ရှင်က ပိုပြီးအထာကျပြီး ဆွဲဆောင်မှုပိုရှိမှာပါ။

ဒီလိုအသေးအဖွဲလေးတွေကအစ အမှားမလုပ်မိဖို့ရန်အတွက် သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်တချို့ကို ဝေမျှပေးချင်ပါတယ်။

လက်ပတ်နာရီ ဝတ်တဲ့အခါ

Popular Fashion Mistakes That Many Men Know Nothing About

တီရှပ်လက်ရှည်ဝတ်တဲ့အခါ လက်ပတ်နာရီ ပေါ်အောင်လို့ တီရှပ်လက်ကို သပ်သပ်ရပ်ရပ်ခေါက်တင်လိုက်ပါ။ ဒီလိုခေါက်တင်ခြင်းအားဖြင့် တစ်အချက်အနေနဲ့ အချိန်ကြည့်ရတာ ပိုမိုလွယ်ကူပြီး ဒုတိယအနေနဲ့ သင့်ရဲ့ဖက်ရှင်ကိုလည်း စမတ်ကျစေပါတယ်။

တီရှပ်ဝတ်တဲ့အခါ

Popular Fashion Mistakes That Many Men Know Nothing About

အရုပ်ပုံကပ်ထားတဲ့ တီရှပ်တွေက ကလေးကလားဆန်ပါတယ်။ အထူးသဖြင့် သင်က အပေါ်ကနေ ဂျက်ကတ်ထပ်ဝတ်ရင် ပိုကြည့်ရဆိုးပါတယ်။ ဒါ့ကြောင့် အသားကောင်းတဲ့အဖြူရောင်ရှပ်အင်္ကျီကိုသာ ဝတ်ဆင်လိုက်ပါ။ Lana Del Rey က သူ့သီချင်းထဲမှာ “Blue Jeans, A White Shirt” လို့ဆိုထားတာကလည်း ထိုဖက်ရှင်သည် လူကြိုက်များတဲ့ဖက်ရှင်ဖြစ်တဲ့အတွက်ကြောင့်ပါ။

အင်္ကျီလက်

Popular Fashion Mistakes That Many Men Know Nothing About

တံတောင်ဆစ်နားအထိ ရှည်လွန်းတဲ့ လက်တိုအင်္ကျီတွေက ကြည့်ရဆိုးပါတယ်။ လက်မောင်းရဲ့ သုံးပုံ နှစ်ပုံခန့်အထိ ရှည်လျားတဲ့ တီရှပ်ဆိုရပါပြီ။ သင့်အနေနဲ့ လက်ရှည်ဝတ်ချင်တယ်ဆိုလည်း လက်ရှည်အင်္ကျီကိုသာ ဝတ်ဆင်လိုက်ပါ။

ခါးပတ်နဲ့ ကြိုးကွင်းကို တွဲဖက်မဝတ်ဆင်ပါနဲ့

Popular Fashion Mistakes That Many Men Know Nothing About

သင့်အနေနဲ့ ခါးပတ် ပတ်မယ်ဆိုရင်လည်း ခါးပတ်တစ်ခုတည်းပတ်ပါ။ ကြိုးကွင်း ထပ်ထားမယ်ဆိုရင်လည်း ကြိုးကွင်းတစ်ခုထဲဆို လုံလောက်ပါပြီ။

အဝတ်အစားများ တွန့်ကြေနေခြင်း

Popular Fashion Mistakes That Many Men Know Nothing About

မီးပူမတိုက်ထားဘဲ တွန့်ကြေနေတဲ့ အဝတ်အစားလောက် ကြည့်ရဆိုးတာမရှိပါဘူး။ ထိုကဲ့သို့ အဝတ်အစား တွန့်ကြေနေခြင်းကလည်း သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် သင့်အဝတ်အစားတွေကို မီးပူမှန်မှန်တိုက်ပေးဖို့လည်း လိုပါတယ်။

မိမိခန္ဓာကိုယ်နှင့် ကိုက်ညီမှုမရှိခြင်း

Popular Fashion Mistakes That Many Men Know Nothing About

သင့်အဝတ်အစားက သင့်ခန္ဓာကိုယ်ထက် ကြီးလွန်းနေခြင်း၊ သေးလွန်းနေခြင်းကလည်း သင့်ကို ဘယ်လိုမှ သက်သောင့်သက်သာဖြစ်စေမှာမဟုတ်ပါဘူး။

ကုတ်အင်္ကျီ ဝတ်တဲ့အခါ

Popular Fashion Mistakes That Many Men Know Nothing About

ကြယ်သီးပေါက် တစ်ပေါက်တည်းပါတဲ့ ရှပ်အင်္ကျီဆိုရင်တော့ ကိစ္စမရှိပါဘူး။ တကယ်လို့ ကြယ်သီးပေါက် သုံးပေါက်လောက်ပါတဲ့ ကုတ်အင်္ကျီတွေဆို အောက်ဆုံးကြယ်သီးပေါက်ကို ဘယ်တော့မှ မတပ်ပါနဲ့။ အထူးသဖြင့် ထိုင်ခုံမှာ ထိုင်တဲ့အချိန်မျိုးမှာပေါ့။

ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ပါ

Popular Fashion Mistakes That Many Men Know Nothing About

တချို့အမျိုးသားတွေကတော့ Free Style ကို ကြိုက်နှစ်သက်တဲ့အတွက်ကြောင့် အင်္ကျီကို အထဲ ထည့်မဝတ်ပါဘူး။ သင့်အနေနဲ့ စတိုင်ကျကျ ဝတ်ချင်တယ်ဆိုရင်တော့ ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ပါ။

ဘောင်းဘီအိတ်ကပ်ထဲ ဘာမှမထည့်ပါနဲ့

Popular Fashion Mistakes That Many Men Know Nothing About

ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းတွေ ပိုက်ဆံအိတ်တွေ ထည့်ထားတဲ့အခါ သင့်ဘောင်းဘီအိတ်က ဖောင်းဖောင်းကြီးဖြစ်နေပြီး ကြည့်ရဆိုးစေပါတယ်။ ဒါ့အပြင် မတော်တဆ အိတ်ကပ်ထဲက ထွက်ကျတဲ့အခါ (သို့) ခါးပိုက်နှိုက်ခံရတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။

အရောင်တစ်မျိုးတည်းကိုသာ နေ့စဉ်ဝတ်ဆင်ခြင်း

Popular Fashion Mistakes That Many Men Know Nothing About

တစ်ခါလာလည်း အမဲရောင်၊ နောက်တစ်ရက်လာလည်း အမဲရောင်ဆိုရင်တော့ မဟုတ်သေးပါဘူး။ တစ်နေ့တစ်မျိုး မတူညီတဲ့အရောင်တွေကို ဝတ်ဆင်လိုက်ပါ။ ဒါမှ သင့်ရဲ့ဖက်ရှင်က အမြဲတမ်းသစ်လွင်တောက်ပနေမှာပါ။

Source: Brightside.me