သင် ရွေးချယ်လိုက်တဲ့ ဖက်ရှင်အသုံးအဆောင်က သင့်ရဲ့ဖက်ရှင်ကို Level မြှင့်သွားအောင် ပြုလုပ်နိုင်တယ်ဆိုတာကို သင် ယုံပါသလား။

သင့် အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အသုံးအဆောင်က သင့်ကို ဖက်ရှင်ကျအောင် ကူညီပေးတဲ့အပြင် Confidence တက်အောင်လည်း ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုဖက်ရှင်အသုံးအဆောင်တွေကို ရွေးချယ်ရမှန်းမသိဘဲ အကြံအိုက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်အသုံးအဆောင်များကိုသာ ရွေးချယ်လိုက်ပါ။

လက်ပတ်

Best Men’s Accessories for 2021 to be More Fashionable

လက်ပတ်အမျိုးအစားပေါ် မူတည်ပြီး လက်ပတ်တစ်ခုတည်း ဝတ်ဆင်လို့လည်း ရသလို ၂ ခု၊ ၃ ခုခန့် ဝတ်ဆင်လို့လည်းရပါတယ်။

ဆွဲကြိုး

Best Men’s Accessories for 2021 to be More Fashionable

ရွှေဆွဲကြိုး၊ ငွေဆွဲကြိုးတွေကတော့ ပိုမိုထိန်းသိမ်းပေးဖို့လိုအပ်ပြီး ပိုလည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ စတီးဆွဲကြိုးတွေကတော့ သံကြေးလည်း မတတ်သလို အရောင်မှိန်သွားခြင်းလည်း မရှိပါဘူး။

လက်ပတ်နာရီ

Best Men’s Accessories for 2021 to be More Fashionable Best Men’s Accessories for 2021 to be More Fashionable

လက်ပတ်နာရီကို လူငယ်ဝတ် လက်ပတ်နာရီနဲ့ လူကြီးဝတ် Classic လက်ပတ်နာရီဆိုပြီး အမျိုးအစား ၂ မျိုး ခွဲခြားနိုင်ပါတယ်။ သင် ဝတ်ဆင်တဲ့ ဖက်ရှင်အဝတ်အစားပေါ်မူတည်ပြီး လက်ပတ်နာရီများကိုလည်း လိုက်ဖက်အောင် ဝတ်ဆင်နိုင်ပါတယ်။

Suit နဲ့ လိုက်ဖက်တဲ့ အသုံးအဆောင်များ

Best Men’s Accessories for 2021 to be More Fashionable

အနောက်တိုင်းဝတ်စုံ ဝတ်တဲ့အခါ နက်ခ်တိုင်တွေ၊ လက်ကိုင်ပုဝါတွေ စတဲ့ အသုံးအဆောင်များကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ ပိုပြီး လူကြီးလူကောင်းဆန်စေကာ ဖက်ရှင်ပိုကျစေပါတယ်။

လက်စွပ်

Best Men’s Accessories for 2021 to be More Fashionable

အမျိုးသားဝတ် လက်စွပ်တွေကလည်း ဒီဇိုင်းအမျိုးမျိုးရှိတာကြောင့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဥသဖရား၊ ဂေါ်မုတ် စတဲ့ မိမိ မွေးဖွားရာ လ၊ နေ့နံနဲ့ကိုက်ပြီးလည်း ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

နေကာမျက်မှန်

Best Men’s Accessories for 2021 to be More Fashionable

ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုအတွက် အရည်အသွေးကောင်းတဲ့ နေကာမျက်မှန်ကောင်းကောင်းတစ်လက်တော့ လိုအပ်ပါတယ်။ နေကာမျက်မှန်က သင့်ကို ဖက်ရှင်ကျအောင်လည်း ကူညီပေးသလို သင့်ရဲ့မျက်ဝန်းတဝိုက်တွင် အရေးအကြောင်းထခြင်းမှလည်း ကာကွယ်ပေးပါတယ်။

Source: Classymencollection.com