ယောင်္ကျားတစ်ယောက် အသားအရေကောင်းဖို့လိုသလားဆိုတာ မေးစရာမလိုတဲ့ မေးခွန်းလို့ ဆိုရမှာပါ။ ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး Comfort ဖြစ်သူဟာ Confident ဖြစ်ပါတယ်။ အသားအရေကောင်းအောင် ဂရုစိုက်ဖို့ တစ်နေ့အချိန်များများ ပေးစရာမလိုပါဘူး။
၅ မိနစ် ၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့တင် အသားအရေကောင်းတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်လာမှာပါ။ ဒီတော့ အသားအရေကြည်လင်ကျန်းမာအောင် အလွယ်ဆုံး လုပ်နိုင်မယ့် Skincare နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) Cleaner နဲ့ Moisturizer နေ့တိုင်း သုံးပါ

 

Touching Water

Photo: Unsplash

မျက်နှာသစ်ရင် ရေခပ်နွေးနွေးနဲ့ သစ်ပါ။ အသားအရေမွေးညင်းပေါက်တွေ ပွင့်ပြီး အညစ်အကြေးနဲ့ ဖုန်တွေ ဝင်တာ ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေကို ပိုပြီး ထိထိရောက်ရောက် သန့်စင်မှုလုပ်ဖို့အတွက် မျက်နှာသစ်မယ်ဆိုရင် Cleaner တစ်မျိုးမျိုး သုံးပြီး သစ်ပါ။ တစ်နေ့ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် မျက်နှာသစ်ရင် လုံလောက်ပါတယ်။ ပြီးရင် အစိုထိန်းခရမ် Moisturizer သုံးပေးပါ။

(၂) ကိုယ့်အသားအရေနဲ့လိုက်တဲ့ ထုတ်ကုန်သုံးပါ

man holding beauty product

Photo: Unsplash

Skin Type ပေါ်လိုက်ပြီး မှန်ကန်တဲ့ ထုတ်ကုန်ရွေးခြင်းကလည်း ထိရောက်တဲ့ Skincare မှု လုပ်တာပဲ ဖြစ်ပါတယ်။ ပုံမှန်ဆို အဆီပြန်တတ်တဲ့ အသားအရေမျိုးဆိုရင် အသားအရေကို သဘာဝအတိုင်း သန့်စင်ပြီး အဆီထုတ်မှု လျော့ပါးစေမယ့် ထုတ်ကုန်တွေ သုံးပါ။ အသားခြောက်တတ်ရင် အရေပြားကို အားဖြည့်ပေးပြိး သဘာဝစိုထိုင်းဆကို ထိန်းပေးနိုင်မယ့် ထုတ်ကုန်ရွေးပါ။

(၃) တစ်ပတ်တစ်ကြိမ် နှစ်ကြိမ် မျက်နှာချေးချွတ်ပါ

man facial care

Photo: Unsplash

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ အကောင်းဆုံးက မျက်နှာချေးချွတ်တာပါပဲ။ မျက်နှာချေးချွတ်တဲ့ Face Scrub ထုတ်ကုန်တွေ သုံးနိုင်ပါတယ်။ အဆီပြန်တတ်ရင် တဇောင်းလက်ပတ်ကို အခြေခံတဲ့ ထုတ်ကုန်သုံးပြီး အသားခြောက်တတ်ရင် ပျားရည်ကို အခြေခံတဲ့ Face Scrubs မျိုး သုံးနိုင်ပါတယ်။

(၄) Sunscreen လိမ်းတဲ့အကျင့် လုပ်ပါ

Applying sunscreen on The beach

Photo: Unsplash

နေပူထဲ အသွားများသူတွေအတွက် အသားအရေ နေမလောင်ကို Sunscreen လေး လိမ်းပြီး သွားဖို့ အကြံပေးချင်ပါတယ်။ အပြင်က UV Rays တွေဟာ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ SPF မြင့်တဲ့ နေလောင်ကာ Sunscreen တွေဟာ သင့်အသားအရေကို အပြည့်အဝ ကာကွယ်ပေးသွားမှာပါ။