အားကစားတွေထဲမှာတော့ Boxing ကို အန္တရာယ်အများဆုံးနဲ့ စွန့်စားမှုအကြီးဆုံး အားကစားအဖြစ် သတ်မှတ်ထားကြပါတယ်။ ပရော်ဖက်ရှင်နယ် Boxer တစ်ယောက်ရဲ့ အသက်မွေးမှုဆိုတာ ပြိုင်ဘက်ကိုတင် ထိုးနှက်ဖို့ မဟုတ်ဘဲ တစ်ဖက်လူရဲ့ ထိုးသတ်ချက်တွေကို ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ အတိမ်းအရှောင်ကျင်လည်မှု ၊ သက်လုံ ၊ ခွန်အားနဲ့ အဆုံးအဖြတ်မှန်မှု အားလုံးကို အသုံးချရတဲ့ အလုပ်ဖြစ်ပါတယ်။
စွန့်စားမှုများတဲ့ အလုပ်ဖြစ်လို့ သူပြန်ရတဲ့ အကျိုးဆက်ကလည်း မက်လောက်စရာတွေ ရှိတာပါပဲ။ ဒါပေမယ့်လည်း ဘောက်ဆင်လောကမှာ ထိပ်ထိပ်ကြဲ ချမ်းသာတဲ့သူဆိုတာ သိပ်များများစားစားတော့ မရှိပါဘူး။ ဒီထဲက ၂၀၂၁ အတွက် ဘောက်ဆင်နဲ့ အသက်မွေးသူတွေထဲက သန်းရာနဲ့ချီ ချမ်းသာတဲ့ အချမ်းသာဆုံးမီလျံနာ ၅ ဦးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) ဖလွိုက်မေဝဲလ်သာ

Photo: skysports
၂၀၂၁ အတွက် အချမ်းသာဆုံး လက်ဝှေ့သမားစာရင်းမှာ ထိပ်ဆုံးက ဖော်ပြရမယ့်လူကတော့ ရှုံးပွဲမရှိ လက်ဝှေ့ကျော် ဖလွိုက်မေဝဲလ်သာ ဂျူနီယာပဲ ဖြစ်ပါတယ်။ အကြီးကျယ်ဆုံး Boxers တွေထဲက တစ်ဦးဖြစ်တဲ့ မေဝဲလ်သာဟာ ထိုးသတ်ကြေး ၊ စပွန်ဆာကြေး နဲ့ တခြား မူပိုင်ကြေးတွေကနေ ဒေါ်လာသန်း ၃၈၀ အထိ ချမ်းသာပါတယ်။
(၂) ဂျော့ချ်ဖိုးမန်း

Photo: thesun
နံပါတ် ၂ အချမ်းသာဆုံးလက်ဝှေ့ကျော်ကတော့ လက်ဝှေ့လောက ကနေ အနားယူသွားပြီ ဖြစ်တဲ့ အမေရိကန်လက်ဝှေ့ကျော် ဂျော့ချ်ဖိုးမန်းပါပဲ။ အရပ် ၆ ပေ ၃ လက်မ လူထွားကြီးဟာ ၈၁ ပွဲ ထိုးသတ်ခဲ့ပြီး ၇၆ ပွဲနိုင် ရလဒ်နဲ့ ထိပ်တန်းအကျော်အမော်အဖြစ် ရပ်တည်ခဲ့သူပါ။ ဒီနှစ်အတွက် ဒုတိယအချမ်းသာဆုံးလက်ဝှေ့သမားဖြစ်ပြီး ဒေါ်လာ သန်း ၂၅၀ ပိုင်ဆိုင်ပါတယ်။
(၃) မန်နီပက်ကွီယို

Photo: straitstimes
မန်နီပက်ကွီယိုဟာ ၂၀၂၁ အတွက် တတိယအချမ်းသာဆုံးလက်ဝှေ့သမားဖြစ်ပါတယ်။ သူ့ရဲ့ လက်ဝှေ့ကြိုးဝိုင်းထဲက အောင်မြင်မှုတွေကြောင့် အကြီးကျယ်ဆုံးလက်ဝှေ့သမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်တဲ့ မန်နီပက်ကွီယိုဟာ လက်ဝှေ့လောကမှာ ၇၁ ပွဲထိုး ၆၂ ပွဲနိုင် ၇ ပွဲရှုံး ရလဒ် ရခဲ့သလို မတူတဲ့ မတူတဲ့ ဝိတ်တန်း ၈ ခုလုံးမှာ ကမ္ဘာ့အဆင့် ခါးပတ် ၁၂ ခု ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာမှုဟာ ဒေါ်လာသန်း ၂၀၀ ရှိပါတယ်။
(၄) အော်စကာဒီလာ ဟိုယာ

Photo: boxinginsider
ဒေါ်လာသန်း ၂၀၀ ချမ်းသာတဲ့ နောက်ထပ်လက်ဝှေ့ကျော်တစ်ဦးက အမေရိကန်လက်ဝှေ့ကျော်ဟောင်းဖြစ်ပြီး မတူတဲ့ ဝိတ်တန်း ၆ ခုမှာ ကမ္ဘာ့အဆင့် ခါးပတ် ၁၁ ခု ရခဲ့သူ ဖြစ်ပါတယ်။ ၄၅ ပွဲထိုး ၃၉ ပွဲနိုင် ၆ ပွဲရှုံး ရလဒ်ရှင်ဟာအမေရိကန်နိုင်ငံသားရော မက္ကဆီကိုနိုင်ငံသားအဖြစ်ပါ Dual Citizenship ခံထားသူ ဖြစ်ပါတယ်။
(၅) လင်းနော့ လူးဝစ်

Photo: skysports
အင်္ဂလန်လက်ဝှေ့အကျော်အမော် လင်းနော့လူးဝစ်ကို ခြင်္သေ့ကြီးဆိုပြီး လက်ဝှေ့လောကမှာ နာမည်ပြောင်ပေးထားကြပါတယ်။ ခွန်အားနဲ့ တိကျလျင်မြန်တဲ့ ထိုးသတ်ချက်တွေအပြင် သူ့ရဲ့ ၆ ပေခွဲအရပ်အမောင်းကလည်း လက်ဝှေ့ကျော်ရဲ့ လှုပ်ရှားမှုနဲ့ ခွန်အားကို ပိုပြီး အားကောင်းစေတာပါ။ အနားယူသွားပြီ ဖြစ်တဲ့ ဒီဟဲဗီးဝိတ်ချန်ပီယံဟာ ချန်ပီယံဆုပေါင်းများစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ် ပရော်ဖက်ရှင်နယ်ဘောက်ဆာကြီးဟာ အင်္ဂလန်နိုင်ငံသားအပြင် ကနေဒါနိုင်ငံသားအဖြစ်ပါ ခံယူထားပါတယ်။ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ကျင်လည်ခဲ့စဉ်က နှစ်ပွဲပဲ ရှုံးခဲ့ဖူးသူ ဖြစ်ပြီး ၄၁ ပွဲမှာ သရေ ၁ ပွဲနဲ့ နိုင်ပွဲ ၄၁ ပွဲ ရှိခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုကိုတော့ ဒေါ်လာသန်း ၁၃၀ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
