ကျောက်ဆူးတက်တူးများသည် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က တစ်ဖန်ပြန်လည်ခေတ်စားခဲ့သော တက်တူးအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သင်္ဘောသားအချို့သည်လည်း မိမိအလုပ်ကို ချစ်မြတ်နိုးသောအနေဖြင့် ကျောက်ဆူးပုံတက်တူးများ ထိုးလေ့ရှိကြပါတယ်။
ကျောက်ဆူးပုံတက်တူးသည် တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ဓာတ်ပြတ်သားခြင်း၊ စိတ်အားထက်သန်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ အချို့ကလည်း ကျောက်ဆူးပုံတက်တူးကို နှင်းဆီပန်းပုံ၊ နာမည်အစ စကားလုံးများ၊ ပျံလွှားငှက်၊ သံလိုက်အိမ်မြှောင်၊ ကြိုး (သို့) ဘီးများဖြင့် အတူတူတွဲကာ တက်တူးရေးထိုးလေ့ရှိကြပါတယ်။
သင့်အနေနဲ့ ကျောက်ဆူးပုံတက်တူးလေး ရေးထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Idea များကို မှီငြမ်းနိုင်ပါတယ်။

Source: Nextluxury.com
