အရေပြားဆရာဝန်များသည် တစ်နေ့လျှင် ၅ မိနစ်မှ ၁၀ မိနစ်အထိ ရေချိုးပေးသင့်ကြောင်း အကြံပြုထားကြပါတယ်။ မနက်ခင်း အိပ်ရာနိုးချိန်မှာ ရေချိုးတဲ့သူတွေလည်း ရှိသလို ညဘက် အိပ်ရာဝင်ခါနီးမှ ချိုးတဲ့သူတွေလည်း ရှိကြပါတယ်။ မိမိကြိုက်နှစ်သက်ရာအချိန်အလိုက် ရေချိုးလေ့ရှိကြပေမယ့် ယောကျာ်းများအတွက် ညဘက်မှာ ရေချိုးခြင်းသည် မနက်ခင်းမှာ ရေချိုးခြင်းထက် ကျန်းမာရေးအတွက်သာမက အသားအရေအလှအပအတွက်ပါ ကောင်းမွန်စေပါတယ်။

ချွေးနံ့ပြင်းသော ယောကျာ်းများအတွက်

benefits of showering before bed for men

ချွေးနံ့အလွန်ပြင်းသော ယောကျာ်းများအတွက်တော့ ညနေခင်းမှာ ရေချိုးခြင်းသည် ချွေးနံ့ ဆိုးဝါးခြင်းမှ ကာကွယ်ပေးနိုင်ပြီး ချွေးထွက်များခြင်းကို သက်သာစေပါတယ်။

ကြွက်တက်ခြင်းမှ ကာကွယ်ပေးခြင်း

benefits of showering before bed for men

Photo Source: Medicalnewstoday.com

တနေကုန် သွားလာလှုပ်ရှားရခြင်း၊ အကြာကြီးမတ်တပ်ရပ်ရခြင်းကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲပြီး ကြွက်တက်တတ်ပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ ရေချိုးခြင်းအားဖြင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ကြွက်တက်ခြင်းကို ၆၀ ရာခိုင်နှုန်းခန့် သက်သာစေပါတယ်။

ဆံကေသာကို နူးညံ့ချောမွတ်စေခြင်း

benefits of showering before bed for men

မနက်ခင်း ရုံးသွားခါနီးမှာ ခေါင်းလျှော်တဲ့အခါ ရုံးနောက်ကျမှာစိုးလို့ ဆံပင်ကို အမြန်ခြောက်အောင် သုတ်ရပါတယ်။ လေမှုတ်စက်နဲ့ ဆံပင်အခြောက်ခံတဲ့အခါမှာလည်း ဆံကေသာ အပျက်စီးမြန်ပါတယ်။ ညပိုင်းမှာ ခေါင်းလျှော်တဲ့အခါ သဘာဝလေနဲ့ ဆံပင် အခြောက်ခံလို့ရပြီး ဆံကေသာ ကျိုးကြေပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း

benefits of showering before bed for men

ညဘက်မှာ အိပ်မရတဲ့ရောဂါ ခံစားနေရပါသလား။ ဒါဆိုရင် အိပ်ရာဝင်ခါနီး မိနစ် ၉၀ အလိုမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးလိုက်ပါ။ ဒါဆိုရင်တော့ အရင်ကလိုမျိုး အိပ်ရခက်တော့မှာမဟုတ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။

အသားအရေကို နူးညံ့စိုပြေစေခြင်း

benefits of showering before bed for men

ညအိပ်ရာမဝင်ခင်မှာ ရေချိုးခြင်းသည် ဝက်ခြံပေါက်ခြင်း၊ အမဲစက်များ ထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ဆံကေသာမှာ ဘက်တီးရီးယားများ၊ အညစ်အကြေးများ၊ ဖုန်မှုန့်များ ကပ်ညှိနေပါတယ်။ ခေါင်းအုံးပေါ် ခေါင်းချလိုက်တဲ့အခါ ထိုဘက်တီးရီးယားများက သင့်ခေါင်းအုံးပေါ် ကပ်ငြိသွားပြီး သင့်မျက်နှာနဲ့ ခေါင်းအုံးနဲ့ ထိတွေ့တဲ့အခါ မျက်နှာမှာ ဝက်ခြံပေါက်လာတတ်ပါတယ်။ ဒါ့ကြောင့် ညအိပ်ရာဝင်ခါနီးမှာ တစ်ကိုယ်ရည်သန့်ရှင်းအောင် ရေချိုးပေးခြင်းအားဖြင့် ဝက်ခြံပေါက်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို စိုပြေစေပါတယ်။

Source: Brightside.me