အောင်မြင်မှုကို ရယူပိုင်ဆိုင်ချင်တဲ့ ယောကျာ်းများအတွက် အဓိက လိုအပ်တဲ့ လျှို့ဝှက်ချက် (၅) ခုရှိပါတယ်။ ထိုလျှို့ဝှက်ချက် (၅) ခုကို မိမိလက်ထဲမှာ အရယူထားနိုင်မှသာ အောင်မြင်မှုအသီးအပွင့်ကို ခံစားနိုင်မှာဖြစ်ပါတယ်။

ထိုလျှို့ဝှက်ချက် (၅) ခုက ဘာဖြစ်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

စိတ်ဆုံးဖြတ်ချက်

5 keys to success for men

မိမိရဲ့ရည်ရွယ်ချက် ဆုံးဖြတ်ချက်က ပြတ်သားခိုင်မာဖို့ လိုအပ်ပါတယ်။ အတားအဆီးများ၊ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရပေမယ့် လက်မလျော့ဘဲ အဆုံးအထိ မရပ်မနား သွားမှသာလျှင် ကိုယ့်ရဲ့ပန်းတိုင်ဆီသို့ ချီတက်နိုင်မှာဖြစ်ပါတယ်။

အရည်အချင်း

5 keys to success for men

ဆုံးဖြတ်ချက် ပြတ်သားခြင်းနှင့် အရည်အချင်း ပြည့်မှီခြင်းတို့က ဒွန်တွဲနေကြပါတယ်။ မိမိရဲ့အချိန်နှင့် ခွန်အား စိုက်ထုတ်မှုမရှိဘဲ အရည်အချင်းများ တိုးတက်လာမှာမဟုတ်ပါဘူး။ အလုပ်တစ်ခု (သို့) နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်တတ်မြောက်ဖို့ရန်အတွက် နာရီပေါင်း တစ်သောင်းခန့် လိုအပ်တယ်လို့ Malcolm Gladwell က ပြောကြားထားပါတယ်။

စိတ်ပါဝင်စားမှုရှိခြင်း

5 keys to success for men

အလုပ်တစ်ခုမှာ နာရီပေါင်းများစွာ စိတ်နှစ်ထားနိုင်ဖို့ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် လေ့ကျင့်နိုင်ဖို့အတွက်ဆိုရင် ထိုအလုပ်မှာ သင့်ရဲ့စိတ်ဝါသနာကို မြှုပ်နှံထားဖို့လိုအပ်ပါတယ်။ မိမိ ဝါသနာပါမှသာလျှင် ထိုအလုပ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်မှာပါ။

စည်းကမ်းရှိခြင်း

5 keys to success for men

သင့်မှာ ဘယ်လောက်မှာ စိတ်ပါဝင်စားမှုရှိနေပါစေ တခါတရံမှာ ပျင်းရိတတ်တဲ့စိတ်ကလေး စွဲကပ်တတ်ပါတယ်။ ထိုပျင်းရိစိတ်ကို နေရာပေးလိုက်လို့မရပါဘူး။ စိတ်အား ထက်သန်မယ့်အချိန်ကို စောင့်နေမယ်ဆိုရင် အချိန်ကုန်တာပဲအဖတ်တင်သွားပါလိမ့်မယ်။ ဒီနေ့ရဲ့ ရုန်းကန်မှုသည် မနက်ဖြန်အတွက် ခွန်အားတွေဖြစ်လာနိုင်တယ်ဆိုတာကို သတိရလိုက်ပါ။

ကံကောင်းခြင်း

5 keys to success for men

အအောင်မြင်ဆုံးလူတွေကို မေးခွန်းမေးကြည့်လိုက်ပါ။ သူတို့ ကံကောင်းလို့သာ အောင်မြင်လာတာဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ ဖြေဆိုတတ်ကြပါတယ်။ တချို့ကျတော့ သူတို့ရဲ့ပျင်းရိမှုကို မဝန်ခံကြဘဲ ကံမကောင်းသေးလို့ပါဆိုပြီး ဆင်ခြေပေးတတ်ကြပါတယ်။ ကံကောင်းခြင်းသည် နည်းလမ်းအမျိုးမျိုးဖြင့် လာတတ်ပါတယ်။ မျိုးရိုးကြောင့်၊ လူမှုဆက်ဆံရေး ကောင်းခြင်းကြောင့်၊ အချိန်ကိုက် ဖြစ်ပေါ်မှုကြောင့် စသည့်ပုံစံအမျိုးမျိုးရှိကြပါတယ်။

သင့်ကိုယ်သင် ကံကောင်းတယ်လို့ ယူဆရင် ထိုကံကောင်းခြင်းအတွက် ကျေးဇူးတင်လိုက်ပါ။ အလုပ်ကို အရင်ကထက် ပိုပြီး ကြိုးစားလိုက်ပါ။ ဒါဆိုရင်တော့ အောင်မြင်ခြင်းသည် သင့်အတွက်ပါပဲ။

Source: Medium.com

Featured Image Source: AskMen