ယောင်္ကျားတစ်ယောက်ရဲ့ ဖက်ရှင်နဲ့ နေပုံထိုင်ပုံက သူ့ရဲ့ ယောင်္ကျားပီသတဲ့ခန့်ညားမှုကို ပံ့ပိုးပုံဖော်ပေးပါတယ်။ ဘော်ဒီတောင့်တဲ့ယောင်္ကျားတွေအတွက် ဘာဝတ်ဝတ် အဆင်ပြေတယ်ဆိုပေမယ့် သိပ်ပြီး ကိုယ်လုံးကိုယ်ပေါက် မထွက်တဲ့ အမျိုးသားတွေအတွက်တော့ Muscular ဖြစ်တဲ့ပုံပေါက်အောင် အခုပြောမယ့် Fashion Tricks လေးတွေ သုံးဖို့ လိုပါတယ်။
(၁) Darker Colors တွေ ရွေးဝတ်ပါ
Photo: lsmensclothing
အရောင်တွေက သင့်ဘော်ဒီကို လူတွေ ဘယ်လိုမြင်တဲ့ အမြင်ပေါ် သက်ရောက်မှုရှိပါတယ်။ အနက်ရောင်ဝတ်ရင် Slim ဖြစ်သွားတဲ့ပုံပေါက်ပါတယ်။ နောက်တစ်ချက်ကလည်း အရောင်ရင့်ရင့်တွေ ဝတ်တာက တခြားသူတွေကို ပိုစိတ်ဝင်စားလာအောင် ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ အနည်းဆုံးတော့ အနက် ၊ နက်ပြာ Navy ၊ အညိုရင့် ၊ မီးခိုးရင့် စတဲ့ အရောင်တွေဟာ ယောင်္ကျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။
(၂) လက်ခေါက်ထားပါ
Photo: Ties
တီရှပ်လက်ရှည်တွေ ဝတ်တယ်ဆိုရင် ဒီအတိုင်း အင်္ကျီလက်ချပြီး ဝတ်တာထက် လက်ခေါက်ခေါက်ဝတ်တာက ဘော်ဒီကို ပိုပြီး ဝင့်ထည်စေပါတယ်။ ဒါဟာ လက်မောင်းနဲ့ လက်ဖျံကြွက်သားတွေရဲ့ ကျစ်လျစ်ကြံ့ခိုင်မှုကိုပါ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှည်အင်္ကျီတွေ ဝတ်ဖြစ်ရင် တံတောင်ဆစ်အောက် လက်ခေါက်ပြီးမှ ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၃) အလျားလိုက်စင်းတွေ ဝတ်ပါ
Photo: kingssleeve
အရပ်ရှည်ပြီး ပိန်သယောင် ထင်စေချင်ရင် Vertical Stripes လို့ ခေါ်တဲ့ ထောင်လိုက်စင်းဒီဇိုင်းတွေ ဝတ်ဖို့ အကြံပေးကြပါတယ်။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းတဲ့ပုံ ပေါက်ချင်ရင် Horizontal Stripes ပတ်လည်စင်းမျိုး ဝတ်ပေးပါ။
Featured Image Source: The Fashionisto