အရောင်တွေဟာ ဖက်ရှင်ရဲ့ လျှို့ဝှက်ချက်ထဲမှာ ပါပါတယ်။ အသားအရေပေါ်လိုက်ပြီး မှန်ကန်တဲ့ အရောင် Color Tone ရွေးနိုင်ရင် အတော်လေးကို Good Looking ဖြစ်စေပါတယ်။ ဒီတစ်ခေါက်မှာတော့ အာရှတိုက်သားတွေရဲ့ အသားအရေနဲ့ လိုက်ဖက်မှုအရှိဆုံး အရောင် ၅ မျိုး အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Navy Blue
Photo: hotdrops
နက်ပြာရင့်ကာလာဟာ အသားအရောင်မရွေး ဝတ်ကောင်းတဲ့ကာလာတစ်ခု ဖြစ်ပါတယ်။ အသားလတ်တဲ့လူတွေနဲ့ဆို ပိုပေါ်လွင်ပြီး သားနားတယ်လို့ ခံစားရစေမယ့် အရောင် ဖြစ်ပါတယ်။ Navy Blue ရောင်ကို Suit ၊ Jacket ၊ Vest နဲ့ Sneaker ဘယ်နေရာမှာမဆို ဝတ်ဆင်နိုင်ပြီး Casual ဖက်ရှင်အတွက်ရော Fomal ကျကျ ဝတ်မယ့်သူတွေအတွက်ပါ အတော်ကြီး အဆင်ပြေတဲ့အရောင်ပါပဲ။
(၂) Grey
Photo: manofmany
ဘယ်အရောင်ဝတ်ရမလဲ မသိရင် မီးခိုးရောင်ကာလာကို ရွေးဖို့ အကြံပေးချင်ပါတယ်။ ဒီအရောင်ဟာ Neutral ဖြစ်လို့ ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်တဲ့အရောင် ဖြစ်ပါတယ်။ အရောင်နည်းနည်းရင့်ပြီး မှိုင်းတာကို အောက်ခံအရောင်ထားဝတ်လို့လည်း အဆင်ပြေပါတယ်။ Grey ကာလာဟာ ယောင်္ကျားလေးတွေနဲ့ ပလဲနံပအသင့်ဆုံး အရောင်ဖြစ်လို့ ယောင်္ကျားထုအကြား အများဆုံး ဝတ်လေ့ရှိကြပါတယ်။
(၃) Olive Green
Photo: brightbazaarblog
ဂျာကင်အရောင်တွေဆို အရောင်ရင့်ရင့်တွေ ဝတ်တာ ပိုမိုက်ပါတယ်။ ဒီထဲမှာ သံလွင်စိမ်းရောင်ကလည်း ဘယ်အရောင် ဘယ်အတွဲအစပ်နဲ့မဆို အဆင်ပြေတဲ့ အရောင်ဖြစ်လို့ Olive Green ကာလာကို ရွေးဖို့ အကြံပေးချင်ပါတယ်။ Olive Green ကို ဘောင်းဘီ ၊ တီရှပ်နဲ့ Bomber Jacket တွေအတွက်လည်း ရွေးနိုင်ပါတယ်။ အခုနောက်ပိုင်း Olive Green ကာလာ Blazer ထည် နဲ့ Hoodie တွေပါ ခေတ်စားနေပါတယ်။
(၄) White
Photo: threadcurve
အာရှအသားအရေက အဖြူရောင် အင်္ကျီဒီဇိုင်းတွေနဲ့ အဆင်ပြေပြီးသားပါ။ ပုံမှန် Casual ဝတ်ဖို့ဆိုရင် အဖြူရောင် Tee လေးနဲ့ ရှိုးထုတ်နိုင်ပါတယ်။ နွေရာသီလို ပူအိုက်တဲ့ ရာသီမျိုးမှာ ခပ်လတ်လတ်အသားအရေပိုင်ရှင်တစ်ယောက်အတွက် အဖြူရောင် T Shirt နဲ့ Jeans Pant မိုးပြာဖျော့တစ်ထည်ဟာ Stylish ဖြစ်စေမှာပါ။
(၅) Black
Photo: Esquire
အရောင်တွေထဲမှာ အနက်ရောင်ဟာ အာရှသားတွေ အဝတ်အများဆုံးထဲမှာ ပါပါတယ်။ အထူးသဖြင့် အနက်ရောင် Plain T-Shirt တို့ ၊ အနက်ရောင် Leather Jacket တို့ဆို ပိုပြီး အဝတ်များလေ့ရှိပါတယ်။ All Black ဖက်ရှင်မျိုးကတော့ လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေပါမှာ။ ဒါပေမယ့် Black Fashion ဟာ ခန့်ထည်ပြီး သားနားတဲ့ Sleek Style ဖက်ရှင်ထဲမှာ ပါလို့ အာရှသားတွေအတွက် ရွေးချယ်သင့်တဲ့ Default Color တစ်ခုပါပဲ။
Featured Image Source: Bright Bazaar by Will Taylor