လူတစ်ယောက်အတွက် အမြင့်မြတ်ဆုံးဖြစ်တဲ့ ဦးခေါင်းမှာရှိတဲ့ ဆံနွယ်တွေဟာ လူမှုဘဝမှာ အရေးကြီး အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဆံပင်ပုံစံကို သေချာဂရုစိုက်မယ်ဆိုရင် သင် အိပ်မက်နေတဲ့အရာတွေ၊ လူအများရဲ့ အာရုံစူးစိုက်ခံရမှုတွေ သို့မဟုတ် ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှုတွေ ရရှိနိုင်ပါတယ်။

ဆံပင်ပုံစံကြောင့် လူအများရဲ့ အာရုံစိုက်ခြင်း၊ အထင်ကြီးမှု ရရှိနိုင်သလို သင့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုက အဓိကကျပေမယ့်လည်း ဆံပင်ပုံစံကြောင့်လည်း လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိမယ့်အခွင့်အလမ်းတွေလည်း ဆုံးရှုံးနိုင်တာကြောင့် လုပ်ငန်းခွင်က အောင်မြင်မှုကို ဖျက်ဆီးပစ်နိုင်လို့ မထားသင့်တဲ့ ဆံပင်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခေါင်းစုတ်ဖွားဖြစ်နေခြင်း

man sitting on chair wearing glasses

Photo: Unsplash

သင့်ရဲ့ ဆံပင်ပုံစံဟာ လူတွေ ပထမဆုံး သင့်ကို သတိပြုမိစေတဲ့အရာဖြစ်ပြီး ကြည့်ကောင်းပြီး လူကြီးလူကောင်းဆန်ချင်တယ်ဆိုရင် ဆံပင်တွေ ရှုပ်ပွနေတာမျိုး မဖြစ်အောင် ဂရုစိုက်သင့်ပြီး မသေသပ်တဲ့ ဆံပင်ပုံစံက သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ လုပ်ငန်းရှင်သူဌေးဆီကနေ အထင်သေးခြင်းကို ခံရနိုင်ပါတယ်။

၂။ ပြင်လွန်းခြင်း

man sitting on gray arm chair

Photo: Unsplash

သင်က လုပ်ငန်းခွင်မှာ ကြည့်ကောင်းပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပုံစံမျိုး ပေါက်ချင်တယ်ဆိုရင် သင့်ရဲ့ပုံပန်းသဏ္ဌာန်နဲ့ ပတ်သက်ပြီး အချိန်အများကြီးပေးပြီး ပြင်ဆင်တာမျိုး မလုပ်သင့်ပါဘူး။ သင့်ရဲ့ ဆံပင်ပုံစံကို အချိန်အများကြီးပေးပြီး ပြင်ဆင်မယ်ဆိုရင် အလုပ်အပေါ်မှာ အာရုံစိုက်နိုင်မှာ မဟုတ်တော့သလို လုပ်ငန်းခွင်က လူတွေကလည်း သင့်ကို ပဲများလွန်းသူအဖြစ် မြင်သွားနိုင်ပါတယ်။

၃။ ထူထဲလွန်းတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားခြင်း

three people sitting in front of table

Photo: Unsplash

တကယ်လို့ သင့်မှာသာ ထူထဲလွန်းတဲ့ ဆံပင်ပိုင်ဆိုင်ထားတယ်ဆိုရင် လူတွေမြင်မြင်ချင်းမှာ အထင်ကြီးမှုကို ခံရနိုင်ပါတယ်။ ဒါပေမယ့်လည်း ထူထဲတဲ့ဆံပင်က ထိန်းသိမ်းဖို့ ခက်ခဲပြီး ဆံပင်ပုံစံ မပျက်အောင် လက်ချောင်းတွေနဲ့ မကြာခဏ သပ်တင်ပေးနေရမှာပါ။ အဲဒီလိုမျိုး လုပ်နေတာ ကြာလာခဲ့မယ်ဆိုရင် သင့်ပုံစံဟာ စိတ်ရှုပ်ထွေးနောက်ကျိနေတဲ့ လူတစ်ယောက်နဲ့ တူနေမှာဖြစ်တာကြောင့် တနေကုန် ပုံမပျက်စေတဲ့ Hair Spray လို အလှကုန်ပစ္စည်းမျိုး အသုံးပြုသင့်ပါတယ်။

၄။ ဆိုးရွားတဲ့ အရောင်များ ဆိုးခြင်း

Hair Color

Photo: Unsplash

ဆံပင်ကို ဆိုးရွားတဲ့ အရောင်တွေ ဆိုးခြင်းကလည်း တခြားလူတွေရဲ့အမြင်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အဝေးက မြင်လိုက်ရုံနဲ့ ကြောင်ကြောင်ကျားကျားဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ ဆံပင်အရောင်က အရမ်းတောက်လွန်းမယ်ဆိုရင် လူတွေက သင့်မျက်နှာကို မြင်တွေ့ဖို့ ခက်ခဲမှာဖြစ်သလို သင် ဘာပြောနေလဲဆိုတာကို အာရုံမစိုက်နိုင်တော့တာကြောင့် နားလည်ဖို့လည်း မလွယ်ကူတော့ပါဘူး။ လုပ်ငန်းခွင်မှာလည်း အဆင်ပြေ၊ သင့်ရဲ့ဆံပင်စတိုင်လ်လည်း မိမိုက်နေစေချင်တယ်ဆိုရင်တော့ အသားအရေနဲ့ လိုက်ဖက်မယ့် အရောင်မျိုး သို့မဟုတ် အရောင်ဆိုးထားမှန်း အရမ်းမသိသာမယ့် အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။

Featured Image Source: Lifehack