ချီနိုဘောင်းဘီများ ဝတ်ဆင်ရတာကို နှစ်သက်ပါသလား။ ချီနိုဘောင်းဘီသည် ဝတ်ဆင်ရတာ ပေါ့ပေါ့ပါးပါးနှင့် စတိုင်လ်ကျလှပစေသော ဖက်ရှင်အမျိုးအစားတစ်ခုပါ။ သူ့ကို Formal စတိုင်လ် ဝတ်ဆင်လို့လည်းရသလို Casual စတိုင်လ်လည်း ဝတ်ဆင်နိုင်ပါတယ်။
စတိုင်လ်မျိုးစုံ ဝတ်ဆင်နိုင်တဲ့ ချီနိုဘောင်းဘီများထဲတွင် အရောင်အသွေးမျိုးစုံဖြင့် ထုတ်လုပ်ထားပြီး ဒီဆောင်းပါးလေးထဲမှာတော့ နေဗီပြာရောင်ချီနိုဘောင်းဘီအကြောင်းကိုပဲ ဦးစားပေး ဖော်ပြသွားပါ့မယ်။
နေဗီပြာရောင် နှစ်သက်သူများအတွက်တော့ အကြိုက်တွေ့သွားကြမယ်လို့ မျှော်လင့်မိပါတယ်။
စတိုင်လ် (၁)
နေဗီပြာရောင်ဘောင်းဘီကို နေဗီပြာရောင် ဘလေဇာ၊ အဖြူရောင်တီရှပ်၊ အဖြူရောင် Sneakers နှင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
စတိုင်လ် (၂)
ဒီဖက်ရှင်မှာတော့ နေဗီပြာရောင်ချီနိုကို မီးခိုးရောင် ဘလေဇာ၊ အဖြူရောင်တီရှပ်၊ နေဗီပြာရောင် နက်ခ်တိုင်၊ သားရေပျော့ဖိနပ်တို့ဖြင့် တွဲဖက်ဝတ်ဆင်လိုက်ပါ။
စတိုင်လ် (၃)
နေဗီပြာရောင်ဘောင်းဘီကို နေဗီပြာရောင်တီရှပ်၊ ဘလေဇာ၊ ပုဝါပါးတစ်ထည့်၊ အဖြူရောင် Sneakers တို့နှင့် လိုက်ဖက်ညီအောင် ဝတ်ဆင်နိုင်ပါတယ်။
စတိုင်လ် (၄)
အပြာဖျော့ရောင် ရှပ်အင်္ကျီ၊ နေဗီပြာရောင် ဘလေဇာ၊ အဖြူရောင် Sneakers တို့နှင့်လည်း လိုက်ဖက်မှုရှိပါတယ်။
စတိုင်လ် (၅)
စောစောက အပြာဖျော့ရောင် ရှပ်အင်္ကျီအစား အဖြူရောင် ရှပ်အင်္ကျီဖြင့် ပြောင်းလဲဝတ်ဆင်လိုက်ပါ။ ဖက်ရှင်ကျစေပါတယ်။
စတိုင်လ် (၆)
ဒီဖက်ရှင်ကတော့ ကာကီဂျက်ကတ်နှင့် အမဲရောင် Dress Shoe တို့ဖြင့် တွဲဖက်ဝတ်ဆင်လိုက်တာပဲဖြစ်ပါတယ်။
စတိုင်လ် (၇)
ဒီဖက်ရှင်ကတော့ ချမ်းအေးတဲ့ ရာသီဥတုနဲ့ အလိုက်ဖက်ဆုံးပါပဲ။
စတိုင်လ် (၈)
ပေါ့ပေါ့ပါးပါးဖက်ရှင်ကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီလိုစတိုင်လ်မျိုး ဝတ်ဆင်နိုင်ပါတယ်။
Source: Lifestylebyps.com
Featured Image Source: DMARGE