ကိုယ့်ချစ်သူကောင်မလေးက ကိုယ့်ကို ဒီ့ထက်ပိုကြွေလာအောင် ပိုပြီး ချစ်မြတ်နိုးလာအောင် ဘယ်လိုလုပ်ရမှန်း မသိတဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းလေးကို ကျင့်သုံးကြည့်မယ်ဆိုရင် သင့်ကောင်မလေးက သင့်ကို တဖြည်းဖြည်း ပိုပို အချစ်တိုးလာပါလိမ့်မယ်။
သူ(မ)က လှပကြောင်း မကြာခဏ ပြောပေးပါ
သူ(မ)သည် ပုံပန်းသဏ္ဍာန် လှပရုံသာမကဘဲ စိတ်နေစိတ်ထားလည်း အလွန်လှပကြောင်း ချီးမွမ်းပေးဖို့လိုပါလိမ့်မယ်။ ဒါဆိုရင် သူ(မ)သည် သူတစ်ပါးအပေါ် ကြင်နာသနားတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ကြောင်း တဖြည်းဖြည်းသိနားလည်လာမှာဖြစ်ပြီး သင့်အပေါ်မှာလည်း အချစ်တွေ တိုး တိုးလာပါလိမ့်မယ်။
သူ(မ)အတွက် စဉ်းစားပြီး ပြုလုပ်ပေးပါ
သူ(မ)ရဲ့ မွေးနေ့မှာ အမှတ်တရဖြစ်အောင် ပြုလုပ်ပါ။ သူ(မ)က အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ ကျောင်းကိစ္စ၊ စာမေးပွဲကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများနေပါက ပြန်လည်ပျော်ရွှင်လာအောင် ဖန်တီးပေးလိုက်ပါ။ အသေးအဖွဲကိစ္စလေးများသည်လည်း သူ(မ)ကို ပျော်ရွှင်လာအောင် ကူညီပေးနိုင်ပါတယ်။
သူ(မ) ပြောတာ သေချာနားထောင်ပါ
မိန်းကလေးတွေက စကားများများ ပြောရတာ ကြိုက်နှစ်သက်ကြပါတယ်။ သူတို့က ဘာရယ်မဟုတ်ဘူး ပေါက်ပေါက်ဖောက်အောင် ပြောနေလည်း သင့်ဘက်က ဂရုတစိုက်နဲ့ စိတ်ဝင်တစား နားထောင်ပေးဖို့လိုပါတယ်။
သူ(မ)ကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့
သင်က လျစ်လျူရှုမိလိုက်တဲ့အခါ သူ(မ)က ဘာတွေများ မှားနေသလဲ၊ သူ့ကို မချစ်တော့တာလား စသည်ဖြင့် အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ စိတ်ဖိစီးနေရတတ်ပါတယ်။ ကြာလာတဲ့အခါ သူ(မ)ဘက်ကလည်း သင့်အပေါ်ကို အေးတိအေးစက်ပဲ တုံ့ပြန်လာပါလိမ့်မယ်။ သင်ရော ထိုအခြေအနေမျိုးကို တကယ်လိုလားနေတာလား။
သူ(မ) ငိုတဲ့အခါ နှစ်သိမ့်ပေးပါ
Photo Source: Lovedevani.com
အကြောင်းတစ်ခုခုကြောင့် သူ(မ) စိတ်ရှုပ်ပြီး ငိုနေတဲ့အခါ သင်ကလည်း သူ(မ)ကို အပြစ်မတင်ပါနဲ့။ “ငါ သတိပေးသားပဲ။ အခုတော့ အဲ့လိုဖြစ်ပြီမလား” စတဲ့ အပြစ်တင်စကားမျိုးကို မဆိုပါနဲ့။ သူ(မ)ကို သေချာအားပေးနှစ်သိမ့်ဖို့ လိုပါတယ်။ အရာအားလုံးက အဆင်ပြေသွားမှာပါလို့ နှစ်သိမ့်ပေးလိုက်ပါ။
သူ(မ) အပေါ် အမြဲတမ်း ယုံကြည်မှုရှိပါ
သူ(မ)ရဲ့ဆုံးဖြတ်ချက်တွေကို လေးစားပါ။ ယုံကြည်ပေးပါ။ သူ(မ)အပေါ်မှာလည်း သံသယစိတ် မဝင်ပါနဲ့။ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကို ယုံကြည်ပေးနေတယ်လို့ ခံစားရတဲ့အခါ သူ(မ)လည်း တဖြည်းဖြည်း ပျော်ရွှင်လာပြီး သင့်ကို အရင်ကထက်တောင် ပိုလို့တန်ဖိုးထား ချစ်မြတ်နိုးလာပါလိမ့်မယ်။
ထိုအချက်လေးတွေကတော့ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ အမှန်တကယ်လိုအပ်တဲ့ အခြေခံအချက်တွေပါပဲ။
ထိုအချက်များအပြင် ရိုးသားမှု၊ တစ်ယောက်နှင့်တစ်ယောက် လွတ်လပ်မှု အပြည့်အဝပေးဖို့နဲ့ အမှားတစ်ခုခု ကျူးလွန်မိပါကလည်း တောင်းပန်ဖို့ ဝန်မလေးရပါဘူး။ ဒါဆိုရင်တော့ သင်တို့အချစ်ခရီးလမ်းက သာယာပျော်ရွှင် ဖြောင့်ဖြူးသွားပါလိမ့်မယ်။
Source: Theodysseyonline.com
Featured Image Source: Freepik.com