ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိခြင်းသည် သင် ကိုယ်တိုင် ဖန်တီးယူလို့ရတဲ့အရာတစ်ခုပါ။ မိမိကိုယ်ကို စတိုင်လ်ကျကျ ဝတ်စားတတ်မယ်ဆိုရင် ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်မှာဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိနေမယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်မှာပါ။

ကမ္ဘာကျော် ဆယ်လီများ၊ မော်ဒယ်များ၊ မင်းသားများ၊ အားကစားသမားများသည်လည်း မိမိကိုယ်ကိုယ် အမြဲတမ်းဂရုစိုက်ကြပြီး ကိုယ့်ရဲ့ပုံပန်းသွင်ပြင်အတွက် အချိန်ပေးလေ့ရှိကြပါတယ်။ ဒါ့ကြောင့်လည်း လူအများကြားမှာ ထင်းခနဲ လင်းခနဲရှိပြီး ဆွဲဆောင်မှုတိုးနေကြတာပါ။

ဆွဲဆောင်မှုရှိတဲ့ ကမ္ဘာကျော်အမျိုးသား အများအပြားရှိတဲ့အနက် ၂၀၂၁ ခုနှစ်အတွင်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ အခန့်ညားဆုံး အမျိုးသား (၁၀) ဦးကို ဖော်ပြပေးလိုက်ရပါတယ်။ သင့်ရဲ့အိုင်ဒေါတစ်ယောက်ယောက်များ ပါမလားဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်။

(၁၀) Noah Mills

most fashionable and handsome man

ကနေဒါလူမျိုး မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးပါ။ မော်ဒယ်လောကထဲမှာဆိုရင် သူ့နာမည်က အများဆုံး အရှာခံရတဲ့အထဲ ပါပါတယ်။

(၉) Chris Evans

most fashionable and handsome man

ကပ်ပတိန် အမေရိကားကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ သူ့ရဲ့သရုပ်ဆောင်မှုကြောင့် မာဗယ်စီးရီးတွေထဲမှာ ကြေးအမြင့်ဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၈) Kim Taehyung

most fashionable and handsome man

V လို့လည်း လူသိများတဲ့ Kim Taehyung ကတော့ နံပါတ် (၈) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

(၇) Tom Cruise

most fashionable and handsome man

Tom Cruise သည်လည်း ရုပ်ရှင်ကားပေါင်း အမြောက်အမြားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ယနေ့အချိန်ထိ လူကြိုက်များနေဆဲပါပဲ။

(၆) Omar Borkan Al Gala

most fashionable and handsome man

သူကတော့ အီရတ်လူမျိုး မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်သလို ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

(၅) Justin Trudeau

most fashionable and handsome man

ကနေဒါ နိုင်ငံရေးလောကထဲမှာတော့ Justin Pierre James Trudeau က ရုပ်အဖြောင့်ဆုံးပါပဲ။

(၄) Idris Elba

most fashionable and handsome man

အင်္ဂလိပ်လူမျိုး သရုပ်ဆောင်၊ စာရေးဆရာ၊ ထုတ်လုပ်သူ၊ သီချင်းရေးဆရာ၊ အဆိုတော်၊ ရက်ပါနှင့် DJ အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ သူကတော့ အခန့်ညားဆုံးထဲတွင် အဆင့် (၄) နေရာမှာ ရှိပါတယ်။

(၃) David Backham

most fashionable and handsome man

ဘောလုံးလောကထဲမှာတော့ သူ့ကို မသိတဲ့သူမရှိပါဘူး။ ယောကျာ်းလေးများရဲ့စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ယနေ့ထိတိုင် ခန့်ညားပြီး ဆွဲဆောင်မှုရှိနေဆဲပါပဲ။

(၂) Hrithik Roshan

most fashionable and handsome man

အရပ်မြင့်မြင့် နှာတံဖြောင့်စင်းတဲ့ အိန္ဒိယမင်းသားကတော့ အခန့်ညားဆုံး နံပါတ် (၂) နေရာမှာ ရှိပါတယ်။

(၁) Robert Pattinson

most fashionable and handsome man

Twilight ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Robert Pattinson ကတော့ အနုပညာကြေးအမြင့်ဆုံး မင်းသားတစ်လက်ထဲ ပါဝင်လျက်ရှိပါတယ်။

အခုဖော်ပြသွားတဲ့ နာမည်ကြီး (၁၀) ယောက်ထဲမှာ သင် နှစ်သက် အားကျရတဲ့သူရော ပါရဲ့လား။

Source: Thetealmango.com