ကိုယ် ထိုးချင်တဲ့ တက်တူးလည်း စိတ်တိုင်းကျရွေးချယ်ကာ ရေးထိုးပြီးသွားတဲ့အခါ ထိုတက်တူးကို ကြာရှည်ခံပြီး အရောင်ထွက်လှနေအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အခုမှ တက်တူးထိုးပြီးခါစ ယောကျာ်းများအတွက် တက်တူးထိုးပြီးနောက် ရှောင်ကြဉ်ရမယ့်အရာတွေက ပိုများပါတယ်။

နေရောင်ခြည်နျင့် တိုက်ရိုက်ထိတွေ့စေခြင်း

after care tattoos tips for men

တက်တူးထိုးပြီးပြီးချင်းမှာ နေပူထဲထွက်ပြီး နေလောင်ဒဏ်ခံရခြင်းကို အထူးဂရုပြုသင့်ပါတယ်။ တက်တူးထိုးပြီးခါစအချိန်သည် သင့်အရေပြား ထိခိုက်မခံတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံး သုံးပတ်၊ လေးပတ်လောက်ကြာမှသည် နေပူထဲ ပြန်ထွက်သင့်ပါတယ်။ နေပူထဲ ထွက်တဲ့အခါမှာလည်း နေလောင်ကာခရင်မ် မမေ့မလျော့ လိမ်းကျံသင့်ပါတယ်။

တက်တူးထိုးထားသော နေရာကို ကုတ်ဖဲ့ခြင်း

after care tattoos tips for men

တက်တူးထိုးပြီးနောက် တစ်ပတ်ကြာအချိန်သည် ဆဲလ်အသစ်များ ပြန်လည်ပေါက်ဖွားကာ အနာကျက်သွားမှာဖြစ်ပါတယ်။ ထိုအချိန်မှာ ဒဏ်ရာကို ထိုးဆွနေမယ်ဆိုရင် အနာက တော်တော်နဲ့ ကျက်မှာမဟုတ်ဘဲ တက်တူးပုံလည်း ပျက်သွားပါလိမ့်မယ်။

ရိတ်ခြင်း

after care tattoos tips for men

သင့်တက်တူးက ဘယ်နေရာမှာ ထိုးထားသလဲဆိုတာ ကြည့်ပါ။ ချိုင်းမွှေးရိတ်နေကျနေရာ (သို့) ခြေသလုံးမွှေး ရိတ်နေကျနေရာ၊ မုတ်ဆိတ်မွှေးရိတ်နေကျနေရာတွေမှာ တက်တူးထိုးထားရင် အချိန်ကာလတစ်ခုအထိ အမွှေးရိတ်ခြင်းကို ရပ်နားထားသင့်ပါတယ်။

ရေနှင့် အလွန်အကျွံ ထိတွေ့ခြင်း

after care tattoos tips for men

တက်တူး ထိုးပြီး သုံးပတ်ကြာသည်အထိ ရေတွင် အကြာကြီး စိတ်ခြင်း၊ ရေကူးခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ ပိုးသတ်ထားတဲ့ ကလိုရင်းရေပဲဖြစ်ဖြစ်၊ ရိုးရိုးရေပဲဖြစ်ဖြစ် ထိုရေထဲမှာ ဘက်တီးရီးယားတွေ ပါဝင်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့် တက်တူးထိုးထားတဲ့ဒဏ်ရာပေါ်သို့ ရောဂါပိုး မဝင်ရောက်အောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

ကြပ်ထုပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်း

after care tattoos tips for men

တက်တူးထိုးထားတဲ့နေရာသည် လေဝင်လေထွက်ကောင်းဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ကြပ်ထုပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

Source: Nextluxury.com

Featured Image Source : Ink and Brushes