စည်းစိမ်အပြည့်နဲ့ သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်လို့ မစဉ်းစားခင်မှာ ထိုအဓိပ္ပာယ်ကို အရင်စဉ်းစားကြည့်လိုက်ရအောင်။ စည်းစိမ်ချမ်းသာမှုကို အဓိပ္ပာယ်ဖွဲ့ဆိုခြင်းသည် လူတစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။
အချို့ကလည်း နောက်ဆုံးပေါ် သိန်းသောင်းချီတဲ့ ဈေးအကြီးဆုံးပစ္စည်းများကို ကိုင်နိုင်မှ စည်းစိမ်ကြွယ်ဝတယ်လို့ မှတ်ယူကြပြီး အချို့ကလည်း ကိုယ့်အိမ်ကိုယ့်ရာနဲ့ တစ်ရက်စာတစ်ရက် ဖူလုံစွာ စားသောက်နေထိုင်နိုင်ခြင်းကို ချမ်းသာကြွယ်ဝမှုလို့ အဓိပ္ပာယ်ဖွဲ့ကြပါလိမ့်မယ်။
သင့်အနေနဲ့ သင့်စိတ်ထဲက မျှော်မှန်းထားတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာရုံပါပဲ။
စိတ်ကျေနပ်မှုရှိခြင်း

စည်းစိမ်ချမ်းသာနှင့် ဇိမ်ခံဖို့အတွက်ဆိုရင် သင့်ဘဝမှာ မြင်မြင်သမျှ အရာရာတိုင်းကို အကောင်းမြင်စိတ်မွေးမြူပြီး ထိုအရာတွေအတွက် စိတ်လွတ်လက်လွတ်ပျော်ရွှင်ခံစားကြည့်လိုက်ပါ။ ကိုယ့်မှာ ရှိတဲ့အရာတွေအတွက် ဘယ်တော့မှ စိတ်ကျေနပ်မှုမရှိဘဲ ရလေ လိုလေ ဖြစ်နေရင်တော့ သင်ပဲ စိတ်ပင်ပန်းရပါတယ်။
ရိုးရှင်းသော ပျော်ရွှင်မှု

ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် ခက်ခက်ခဲခဲ ရှာနေစရာမလိုပါဘူး။ ကိုယ့်အိမ်က တီဗွီအရှေ့မှာ ဝိုင်တစ်ခွက်နဲ့ စိတ်အပန်းဖြေခြင်းသည်လည်း စည်းစိမ်ခံစားနည်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့အိပ်ခန်းကို လှလှပပ အလှဆင်ခြင်းသည်လည်း ပျော်ရွှင်မှု ရှာဖွေခြင်းပါပဲ။
အရေအတွက်ထက် အရည်အသွေးကိုသာ ဦးစားပေးပါ

အရည်အသွေးနဲ့ အရေအတွက်များတာကို ယှဉ်လာရင် အရည်အသွေးကိုသာ ဦးစားပေးပါ။ အရည်အသွေးကောင်းတဲ့ပစ္စည်းများသည် ပိုမိုကြာရှည်ခံပြီး သင့်ကို ပိုပြီး Luxury ဆန်စေမှာပါ။
သက်သောင့်သက်သာရှိဖို့ ဦးစားပေးပါ

ကိုယ် လိုအပ်နေတဲ့အချိန်မှာ လိုအပ်တဲ့ပစ္စည်းကို အဆင်သင့်အသုံးပြုနိုင်ခြင်းသည်လည်း ဇိမ်ကျတဲ့ဘဝတစ်ခုပါပဲ။ ယနေ့ခေတ်လို ခေတ်မီတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ လိုအပ်တဲ့ပစ္စည်းများကို အချိန်တိုအတွင်း ဝယ်ယူနိုင်ခြင်းသည်လည်း ကောင်းသောရလာဒ်တစ်ခုပါပဲ။
ကျန်းကျန်းမာမာ နေထိုင်ခြင်း

ကျန်းမာမှသာ မိမိကြံရွယ်သမျှအရာများကို အောင်မြင်အောင် လုပ်ဆောင်နိုင်မှာပါ။ ဒါ့ကြောင့် အစားကို အချိန်မှန်မှန်စားသုံးပါ။ အိပ်ရေးဝဝ အိပ်စက်ပါ။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ စားသုံးပါ။
လိုအပ်နေသူများကိုလည်း သတိရပါ

ကိုယ့်ဘဝမှာ လိုအပ်သမျှအရာအားလုံးကို မပူမပင် မကြောင့်မကြ နေထိုင်နေရပြီလို့ ခံစားရတဲ့အခါ ကိုယ့်ထက် နွမ်းပါးသူများကိုလည်း သတိရပါ။ သူတို့အတွက် ငွေအားဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်းကောင်း တတ်နိုင်တဲ့ဘက်က ကူညီပေးပါ။ သင့် စေတနာရဲ့အကျိုးကို သင် ပြန်လည်ခံစားရမှာပါ။
Source: Dukesavenue.com
Feautred Image Source: Thefashionisto.com
