လက်ပတ်နာရီများ စုဆောင်းရတာ ကြိုက်နှစ်သက်တဲ့ နာရီချစ်သူများအတွက် ဒီတစ်ခါမှာတော့ ဖက်ရှင်လည်းကျပြီး ဒီဇိုင်းမိုက်တဲ့ လက်ပတ်နာရီတံဆိပ်အချို့ကို ဝေမျှပေးချင်ပါတယ်။ နာရီဒီဇိုင်းက အင်မတန်လှပလွန်းတဲ့အတွက်ကြောင့် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အမြင်အာရုံထဲက ဖျောက်ဖျက်နိုင်တော့မှာ မဟုတ်ပါဘူး။
Nordgreen Native

ဒီနာရီကတော့ ဒေါ်လာ ၁၀၀ ဝန်းကျင် တန်ဖိုးရှိပါတယ်။
Junghans Meister Handaufzug

လက်ပတ်ကြိုးအမဲရောင် ဒိုင်ခွက်အမဲရောင်နဲ့ ထုတ်လုပ်ထားတဲ့ ဒီနာရီကတော့ ဒေါ်လာ ၁၀၉၅ တန်ဖိုး ရှိပါတယ်။
Vincero Icon Automatic

လူကြီးဆန်ပြီး ရင့်ကျက်တည်ငြိမ်တဲ့အသွင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီနာရီလေးကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ ဒေါ်လာ ၃၁၅ တန်ဖိုးရှိပါတယ်။
Montblanc Héritage Chronométrie

ဒေါ်လာ ၂၆၇၅ ကျသင့်မှာဖြစ်ပါတယ်။
Citizen Eco-Drive

ဒီနာရီလေးကတော့ ဒေါ်လာ ၁၆၀ ဝန်းကျင် ကျသင့်ပါလိမ့်မယ်။
IWC Portugieser Perpetual Calendar

ရွှေ ၁၈ ကာရက်၊ မိချောင်းသားရေ လက်ပတ်ကြိုး၊ အပြာရောင် နာရိဒိုင်ခွက်၊ တိကျသော ပြက္ခဒိန်တို့ဖြင့် အစုံပါဝင်တဲ့ လက်ပတ်နာရီတစ်ခုကို လိုချင်တယ်ဆိုရင်တော့ ဒေါ်လာ ၃၂၉၀၀ တန်ဖိုးရှိတဲ့ ဒီနာရီလေးကို ရွေးချယ်နိုင်ပါတယ်။
Jaeger-LeCoultre Reverso Tribute

လေးထောင့်ရှည်ရှည် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ဒီနာရီကတော့ ဒေါ်လာ ၈၇၅၀ ကုန်ကျမှာပါ။
Nordgreen Philosopher

အညိုရောင် သားရေလက်ပတ်နှင့် အနက်ရောင် ဒိုင်ခွက်တို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဒီလက်ပတ်နာရီလေးကတော့ ဒေါ်လာ ၂၅၀ ကုန်ကျမှာပါ။
Vacheron Constantin Traditionnelle Perpetual Calendar

Classic ကျပြီး ရှေးဆန်တဲ့ဒီဇိုင်းဖြင့် ထုတ်လုပ်ထားတဲ့ လက်ပတ်နာရီကတော့ ဒေါ်လာ ၈၄၀၀၀ ကျသင့်မှာဖြစ်ပါတယ်။
Timex Easy Reader

ဒီနာရီကတော့ အားလုံးထဲမှာ ဈေးအသက်သာဆုံးပါပဲ။ ဒေါ်လာ ၂၄ ကုန်ကျမှာဖြစ်ပါတယ်။
Source: Luxe.digital
Featured Image Source: Luxe.digital
