လူအတော်များများကတော့ ငယ်တုန်းပျိုတုန်းက အလှဆုံးအချိန်လို့ ဆိုကြပါတယ်။ တကယ်လည်း အသက် ၂၀ နဲ့ ၃၀ အကြားက ယောင်္ကျားမိန်းမတွေအတွက် ရုပ်အထွက်ဆုံး ကာလဖြစ်ပါတယ်။ တချို့တွေအတွက်တော့ အရွယ်ဆိုတာ အသက်ကို မှတ်သားတဲ့ နံပါတ်တစ်ခုလောက်ပဲ ဖြစ်တယ်လို့ ပြောရလောက်အောင် အရွယ်နဲ့လိုက်ပြီး ရင့်ကျက်တည်ငြိမ်တဲ့အလှနဲ့ ပိုပြီး ခန့်ညားလာတာတွေလည်း ရှိပါတယ်။

အဲ့ဒီလိုလူတွေဟာ ဝိုင်ကောင်းတစ်ခွက်လို သက်တမ်းရင့်လေလေ ပိုပြီးအရသာထူးကဲလေလေလို့ နှိုင်းယှဉ်ရမလို ပါပဲ။ ဒီလို ကြီးလေ ချောလေလို့ ဆိုရလောက်အောင် အသက်ရလာမှ ပိုပြီး ရုပ်ဖြောင့်လာတဲ့လူတွေထဲက နာမည်ကျော်အမျိုးသား ၅ ဦးအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) David Beckham

David Beckham

Photo: Brightside

၁၉၇၅ ခုနှစ်ဖွား ဒေးဗစ်ဘက်ခ်ဟမ်းဟာ ဒီနေ့ဆို အသက် ၄၆ နှစ်ပြည့်ပြီးသွားပြီ ဖြစ်ပါတယ်။ နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟာ အခုတော့ အားကစားသမားအဖြစ်ကနေ အနားယူပြီး Inter Miami CF နဲ့ Salford City အသင်းတွေရဲ့ ပိုင်ရှင်လုပ်နေပါတယ်။ သားသမီး ၄ ဦး မွေးထားတဲ့ ဒီဂန္ဓဝင်ဘောလုံးအကျော်အမော်ဟာ အရွယ်ကောင်းစဉ်ကတည်းက လူချောတစ်ယောက် ဖြစ်ခဲ့သလို အခုလို ၄၀ ကျော်အရွယ်မှာလည်း ပိုလို့တောင် ခန့်ညားပြီး ကြည့်ကောင်းနေပါတယ်။

(၂) Chris Pine

Chris Pine

Photo: Brightside

အမေရိကန်မင်းသားချော ခရစ္စပိုင်လည်း အသက် ၄၀ ပြည့်သွားပါပြီ။ ခရစ္စပိုင်ဟာ Wonder Woman ၊ Start Trek ၊ Jack Ryan: Shadow Recruit နဲ့ The Finest Hours စတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၄၀ ကျော်မှ ဘဝစ,တယ်ဆိုတဲ့အတိုင်း ခရစ္စပိုင်ရဲ့ စတိုင်နဲ့ ပုံစံတွေက အခုချိန်မှာ အကောင်းဆုံးပုံစံရနေပြီလို့ ဆိုနိုင်ပါတယ်။ ပုံကတော့ သူ့အသက် ၂၈ နှစ်နဲ့ ၃၉ နှစ်အရွယ်တွေကို ယှဉ်ပြထားတာပါ။

(၃) Cristiano Ronaldo

Cristiano Ronaldo

Photo: Brightside

အရင်က ခရစ္စတီယာနိုဆိုတာ ဘောလုံးဘက် ချွန်တာပဲ ရှိပြီး ရုပ်ဆိုးတဲ့ဘက်တောင် ပါပါတယ်။ မန်ချက်စတာ ယူနိုက်တက် စရောက်ခါစ ၂၀၀၃ ခုနှစ်ကဆို သူ့ကို ကြည့်ရတာ အတွေ့အကြုံလည်း နည်းသေး ရုပ်ပိုင်းဆိုင်ရာအရလည်း စိတ်ဝင်စားစရာရယ်လို့ သိပ်မတွေ့ရတာ အမှန်ပါပဲ။ အခု အသက် ၃၆ နှစ်အရွယ်မှာတော့ သူဟာ အားကစားစွမ်းရည်တင် အမြင့်ဆုံးကစားသမားဖြစ်တာ မဟုတ်တော့ပါဘူး။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ဘော်ဒီ နဲ့ ယောင်္ကျားပီသပြီး ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ပါ အားကစားလောကမှာ သူ့ကို တွဲမြင်နေကြပြီ ဖြစ်ပါတယ်။

(၄) Orlando Bloom

Orlando Bloom

Photo: Brightside

မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့တွဲပြီး Pirates of The Caribbean စီးရီး ၊ Troy ၊ The Lord of The Ring ရုပ်ရှင်တွေမှာပါ ထင်ရှားခဲ့သူ ဖြစ်ပါတယ်။ အခုချိန်မှာ အော်လန်ဒိုဘလွန်းမ်ဟာ အသက် ၄၄ နှစ်အရွယ်ကို ရောက်ခဲ့ပြီ ဖြစ်လို့ The Lord of The Rings ထဲက လီဂိုလာ့စ်လို နုချောမဟုတ်တော့ဘဲ ရင့်ကျက်ခန့်ထည်တဲ့အလှနဲ့ ကြည့်ကောင်းနေပြီ ဖြစ်ပါတယ်။

(၅) Pierce Brosnan

Pierce Brosnan

Photo: Brightside

ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယားစ် ဘရိုစ်နန်ဆို ၆၈ နှစ်ရှိပြီ ဖြစ်ပါတဘ်။ အရွယ်ကောင်းစဉ်က Bond Films စီးရီးမှာ ယောင်္ကျားပီသ ခန့်ညားတဲ့ လျှို့ဝှက်စုံထောက် ဂျိမ်းစ်ဘွန်းအဖြစ် ထင်ရှားခဲ့တဲ့သူဟာ တတိယအရွယ်အထိအောင် သူ့ရဲ့ ခန့်ညားချောမောဥပဓိရုပ်ကို ထိန်းထားနိုင်ဆဲပါပဲ။

Featured Photo: Evening Standard