ပေါ့ပေါ့ပါးပါးဖက်ရှင်လည်း ဖြစ်ရမယ် တစ်ချိန်တည်းမှာလည်း စမတ်လည်းကျတဲ့အသွင် ပေါ်ရမယ်ဆိုတာ ဘယ်လိုဝတ်စားဆင်ယင်သင့်သလဲဆိုတာ သင် သိပါသလား။

ပေါ့ပေါ့ပါးပါး ဖက်ရှင်ဆိုရင်တော့ အရမ်းကြီး အားစိုက်ထုတ်စရာမလိုပေမယ့် စမတ်ကျကျဖက်ရှင်လည်း ဖြစ်ရမယ်ဆိုရင်တော့ ဖက်ရှင်ပိုင်းကို သေချာ ဂရုစိုက်ဖို့ လိုသွားပါပြီ။ ထိုနှစ်ခုကြားမှာ မျှခြေဖြစ်အောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဘလေဇာအင်္ကျီရဲ့အကူအညီ ရယူလိုက်ပါ

smart and casual fashion for men smart and casual fashion for men smart and casual fashion for men

အင်္ကျီသား ပါးပါးလျလျလေးနဲ့ ပြုလုပ်ထားတဲ့ ဘလေဇာအင်္ကျီမျိုးကို သေချာရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ဖိနပ်နဲ့ ပတ်သက်လာရင်

smart and casual fashion for men smart and casual fashion for men

ဘွတ်ဖိနပ်၊ သားရေပျော့ဖိနပ်၊ ရှူးဖိနပ်၊ Sneakers ဖိနပ်တို့ကတော့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။

ရှပ်အင်္ကျီ ရွေးချယ်တဲ့အခါ

smart and casual fashion for men smart and casual fashion for men smart and casual fashion for men

ပေါ့ပေါ့ပါးပါး ဖက်ရှင်တစ်မျိုးတည်းကိုပဲ ဝတ်ဆင်မယ်ဆိုရင်တော့ အပွင့်အဆင်ပါတဲ့ ရှပ်အင်္ကျီမျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ စမတ်ကျတဲ့ ဖက်ရှင်ကိုပဲ ထပ်မံပေါင်းထည့်ချင်တယ်ဆိုရင်တော့ အပွင့်အဆင်တွေအစား ပြောင်ရှပ်အင်္ကျီ (သို့) အကွက်စိပ်စိပ် ရှပ်အင်္ကျီမျိုးကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

တီရှပ် ရွေးချယ်တဲ့အခါ

smart and casual fashion for men smart and casual fashion for men

အရောင် သိပ်မများတဲ့ တီရှပ်၊ အပွင့်အဆင် သိပ်မပါတဲ့ တီရှပ်နှင့် အရိုးရှင်းဆုံး တီရှပ်မျိုးကိုသာ ဝတ်ဆင်သင့်ပါတယ်။ အဖြူရောင်၊ အနက်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင် စသည်ဖြင့် ရိုးရှင်းတဲ့ အရောင်မျိုးကို ဦးစားပေးပါ။

ဂျက်ကတ် ဝတ်မယ်ဆိုရင်

smart and casual fashion for men smart and casual fashion for men

စမတ်ကျကျဖက်ရှင် ဖန်တီးတဲ့အခါ ဘလေဇာအင်္ကျီ ဝတ်လိုက်ရင်ပဲ လုံလောက်နေပါပြီ။ ဒါပေမဲ့ သင့်အနေနဲ့ ဘလေဇာအင်္ကျီ မဝတ်ချင်ဘူးဆိုရင်တော့ သားရေဂျက်ကတ်၊ Bomber ဂျက်ကတ်၊ မိုးကာသားဂျက်ကတ်တို့ကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။

ဂျင်းဘောင်းဘီနှင့် ချီနိုဘောင်းဘီ

smart and casual fashion for men smart and casual fashion for men smart and casual fashion for men

ဆွဲသားဂျင်းဘောင်းဘီတွေက ပေါ့ပေါ့ပါးပါး ဖက်ရှင်နဲ့ သင့်တော်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ စမတ်ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဆွဲသားဂျင်းတွေကို ရှောင်ပြီး မပွလွန်း မကြပ်လွန်းတဲ့ ဂျင်းဘောင်းဘီမျိုးကို ဝတ်ဆင်သင့်ပါတယ်။ ချီနိုကဲ့သို့ ချည်သားဘောင်းဘီမျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။

ဘောင်းဘီတို ဝတ်မယ်ဆိုရင်

smart and casual fashion for men smart and casual fashion for men

ဒီနေရာမှာ တစ်ချက်သတိထားရမှာကတော့ သင် အားကစားပြုလုပ်ရင် ဝတ်နေတဲ့ ဘောင်းဘီတိုမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဘောင်းဘီအသားကောင်းကောင်းနဲ့ အရည်အသွေးကောင်းတဲ့ ဘောင်းဘီတိုမျိုးကို သေချာရွေးချယ်ဖို့လိုပါတယ်။ နို့မဟုတ်ရင် သင့်ဖက်ရှင်က စမတ်ကျတဲ့ဘက်ကို မသွားပါဘူး။

ဖက်ရှင်အသုံးအဆောင်ပိုင်းနဲ့ ပတ်သက်လာရင်

smart and casual fashion for men smart and casual fashion for men smart and casual fashion for men

ဖက်ရှင်အသုံးအဆောင် တစ်ခုမှ မပါဘူးဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုကို မရရှိနိုင်ပါဘူး။ ဘယ်အသုံးအဆောင်မှ မထည့်ချင်ဘူးဆိုရင်တောင်မှ ခါးပတ်ကတော့ မပါမဖြစ်ထည့်ပေးဖို့လိုပါတယ်။ ခါးပတ်ရွေးချယ်တဲ့အခါ အညိုရောင် သားရေခါးပတ်က အကောင်းဆုံးပါပဲ။

လက်ပတ်နာရီ၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကိုလည်း လိုက်ဖက်မှုရှိအောင် ဝတ်ဆင်သင့်ပါတယ်။ အမျိုးသားသုံး လက်ကိုင်ပုဝါကိုလည်း ဆောင်ထားသင့်ပါတယ်။

Source: Thetrendspotter.net

Featured Image Source: Thetrendspotter.net