Shorts တွေကို Casual ဖက်ရှင်အနေနဲ့ ပေါ့ပေါ့ပါးပါး ဝတ်လေ့ရှိပါတယ်။ ယောင်္ကျားလေးတွေ ရုံးအားရက် ဝတ်လေ့ရှိတဲ့ဖက်ရှင်ထဲက တစ်ခု ဖြစ်ပြီး Chino Shorts ၊ Denim Shorts ၊ Linen Short ၊ Sweat Shorts ၊ Printed Shorts ၊ Swim Shorts စသည်ဖြင့် ဘောင်းဘီတိုအမျိုးအစားတွေကလည်း အများသားပါပဲ။ နွေရာသီလို ပူအိုက်တဲ့အချိန်တွေမှာ အဝတ်များပေမယ့် ကျွန်တော်တို့ ဆီမှာတော့ အလျင်းသင့်သလို ဝတ်နေကြတာ ဖြစ်လို့ Short Pants ဖက်ရှင်နဲ့ လိုက်ဖက်တဲ့ Outfits စတိုင်တွေအကြောင်း ဖော်ပြလိုက်ရပါတယ်။

(၁) V-Neck T-Shirt

Shorts with a V-Neck T-Shirt

Photo: gentlemanwithin

နွေဘက်တွေ အပြင်ထွက်ရင် ချည်သားဘောင်းဘီတိုနဲ့ V ပုံစံလည်ပင်းပေါက်ပါ T-Shirt တစ်ထည်ကို တွဲဝတ်သင့်ပါတယ်။ အင်္ကျီအတွက် ကိုယ့်အဝတ်ဗီရိုမှာ တစ်ထည်မဟုတ် တစ်ထည်ဆိုသလို ရှိတတ်တဲ့ T-Shirt နဲ့ ဝတ်ရမှာ ဖြစ်လို့ ထူးပြီး ဖက်ရှင်အတွက် အချိန်ပေးစရာ မလိုပါဘူး။ နွေဘက်မှာ အပြင်ထွက်မှာ ဖြစ်လို့ Sunglasses လေး ဆောင်ားဖို့လည်း လိုမှာပါ။

(၂) အပေါ့စား ချည်ဆွယ်တာ

Shorts with a Lightweight Cotton Sweater

Photo: gentlemanwithin

Lightweight ဆွယ်တာနဲ့ Short Pant ကိုလည်း Casual ဖက်ရှင်အဖြစ် အဝတ်များကြပါတယ်။ ဆောင်းလို မချမ်း ၊ နွေလိုလည်း မပူပြင်းတဲ့ ကာလတွေမှာ ဆွယ်တာအပါးလေးဝတ်တာဟာ နွေးထွေးတဲ့ခံစားမှုနဲ့ စမတ်ကျတဲ့စတိုင်ကို ဖြစ်စေပါတယ်။ Lightweight ချည်ဆွယ်တာ ဖြစ်လို့ ပူအိုက်နေတမျိုးလည်းခံစားရမှာ မဟုတ်ပါဘူး။

(၃) Navy Blazer

Shorts with a Navy Blazer

Photo: gentlemanwithin

ဘောင်းဘီတိုကို Smart Casual ဆန်ဆန်ဖြစ်အောင်လည်း တွဲဝတ်နိုင်ပါတယ်။ ဘောင်းဘီကိုတော့ Chino Pants ဘောင်းဘီတိုအမျိုးအစား ရွေးချယ်သင့်ပြီး ဖိနပ်ကို Leather Loafer တစ်ခုခု စီးသင့်ပါတယ်။ အပေါ်မှာ နက်ပြာရင့် Blazer အပါးတစ်ထည် ၊ အောက်ခံကို တီရှပ် , ရှပ် နှစ်သက်ရာနဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၄) Polo

Shorts with a Polo and Espadrilles

Photo: gentlemanwithin

Polo ရှပ်တွေကလည်း Short Pants ဖက်ရှင်ကို ပိုပြီး သန့်ပြန့်သားနားစေနိုင်တဲ့ အဝတ်အစားတွေ ဖြစ်ပါတယ်။ ပေါ့ပါးမှုနဲ့ သားနားမှုနှစ်မျိုးစလုံး ပေးနိုင်တဲ့ Outfit အနေနဲ့ ဘောင်းဘီတိုနဲ့အတူ Polo Shirt (အဖြူ/အနက်/နက်ပြာ) ၊ Espadrilles ဖိနပ်ကို တွဲဝတ်ရုံပါပဲ။ ဒီဖက်ရှင်က သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အချိန်‌တွေမှာ ဝတ်လို့ ကောင်းသလို ကမ်းခြေမှာ သာသာယာယာ လေညင်းခံလမ်းလျှောက်ချိန်မှာ ဝတ်ဖို့လည်း လိုက်ဖက်တဲ့ ဖက်ရှင်ပါပဲ။

Featured Image Photo: Expertgentleman