ခွဲခွာခြင်းဆိုတာ တကယ်တမ်းလက်တွေ့မှာ ထင်သလောက်မလွယ်ပါဘူး။ ဒါကြောင့်လည်း အဆိပ်အတောက်ဖြစ်စေတဲ့ Relationship တစ်ခုဖြစ်နေအုန်းတော့ ဖက်တွယ်ထားမိတက်ကြတာပေါ့။ သို့သော် သင့်ကိုထိခိုက်နာကျင်စေတဲ့ Toxic Relationship ကနေ ဘာကြောင့် ရုန်းထွက်ဖို့ လိုအပ်လဲဆိုတာ အောက်ကအချက်လေးတွေ ကြည့်ရင်သိပါလိမ့်မယ်။
(၁) ပိုပျော်ရွှင်လာမယ်
Photo : Crello
“Life is too short ” ဆိုတဲ့အတိုင်း တိုတောင်းတဲ့လူ့ဘဝမှာ နာကျင်မှုတွေကို ဖက်တွယ်နေဖို့ အမှန်တကယ်လိုပါအပ်ရဲ့လား။ အဆင်မပြေမှုတွေ ၊ အဆိပ်အတောက်ဆန်တဲ့ အပြုမူတွေနဲ့ သင့်ဘဝအချိန်တွေကို ကုန်ဆုံးဖို့မထိုက်တန်ပါဘူး။ Toxic Relationship ကနေရုန်းထွက်ပြီး ပိုမိုပျော်ရွှင်ရတဲ့ဘဝသစ်တစ်ခုကို စတင်သင့်ပါတယ်။
(၂) တစ်ကိုယ်တည်း ရပ်တည်လာနိုင်မယ်
Photo : Crello
အဆိပ်လို ပါတနာတစ်ယောက်ရှိတာထက် တစ်ကိုယ်တည်းနေထိုင်တာက ပိုကောင်းပါတယ်။ အထီးကျန်မှာ ၊ ဘက်ပဲ့သွားမှာဆိုတဲ့ စိုးရိမ်မှုတွေကနေ “မင်းမရှိရင်မနေနိုင်ဘူး” ဆိုတဲ့အကြောင်းပြချက်ကို ဖြစ်စေပြီး မကောင်းတဲ့လူတွေကို လက်လွှတ်ဖို့ဝန်လေးမိကြတာပါ။ Toxic Relationship ကိုလက်လွှတ်လိုက်ချိန်မှာ သင့်ဘဝသင် အကောင်းဆုံးရပ်တည်နိုင်တယ်ဆိုတာ သက်သေပြလာပါလိမ့်မယ်။
(၃) ဘဝအဓိပ္ပါယ်ပိုရှိလာမယ်
Photo : Crello
Toxic Relationship တစ်ခုကိုစွန့်လွှတ်လိုက်တာနဲ့ သင့်ဘဝမှာ အဓိပ္ပါယ်ရှိတဲ့အရာတွေအတွက် နေရာပိုပေးနိုင်လာပါလိမ့်မယ်။ ဥပမာ ကျန်းမာရေး ၊ လူမှုရေး ၊ ဘဝတက်လမ်း စသည်ဖြင့်ပေါ့။ အဆိပ်အတောက်ဆက်ရေးတစ်ခုကနေ သင်ကိုသင် ဆွဲထုတ်နိုင်ပြီဆိုရင် တစ်ရက်ထက်တစ်ရက်ပိုမိုကောင်းမွန်ပြီး ဘဝအဓိပ္ပါယ်ပိုရှိလာစေမှာပါ။
(၄) ကိုယ့်တန်ဖိုးမြင့်လာမယ်
Photo : Crello
လူတိုင်းမှာ ကိုယ်စီတန်ဖိုးတစ်ခုရှိကြသလို သင့်မှာလည်း သင်နဲ့ထိုက်တန်တဲ့ ပင်ကိုယ်တန်းဖိုးတစ်ခုဆိုတာ ရှိပါတယ်။ ကိုယ့်ကိုတန်ဖိုးမထားတဲ့ လူရဲ့အနားကနေ စွန့်ခွာခြင်းဟာ တစ်နည်းအားဖြင့် ကိုယ့်တန်ဖိုးကိုယ်မြင့်တင်ခြင်း တစ်မျိုးပါပဲ။ နောက်ပြီး သင့်တန်ဖိုးကိုသိပြီး သင့်ကိုအမှန်တကယ်တန်ဖိုးထားတဲ့ လူသစ်တွေနဲ့တွေ့ဆုံနိုင်ဖို့ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။
Featured Image Source : Crello