လူအများစုအတွက် ဝိတ်မ,တယ်ဆိုတာ ကြွက်သားတွေ အကြီးကြီး ဖြစ်လာဖို့ ၊ အမိုက်စားဘော်ဒီရလာဖို့ ၊ ကြံ့ခိုင်သန်စွမ်းဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်တွေကို ဦးတည်ပြီး မ,ကြတာ များပါတယ်။ တကယ်တော့ အားကစားလုပ်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့အပြင် စိတ်ဓါတ်ရေးရာအရလည်း ကျန်းမာကြံ့ခိုင်စေတဲ့ အကျိုး ပေးတာပါပဲ။ Weight Lifting အားကစားလုပ်တဲ့ အမျိုးသားတွေအနေနဲ့လည်း ရုပ်ပိုင်းကြံ့ခိုင်မှုအပြင် Mental ပိုင်းအရ အခုပြောမယ့် အကျိုးတွေ ခံစားရမှာ အမှန်ပါပဲ။

(၁) စိတ်ဓါတ်ကျခြင်းကို သက်သာစေတယ်

man weight lifting

Photo: Unsplash

ဒီဘက်ခေတ်မှာ လူသန်းရာပေါင်းများစွာဟာ Depression လို့‌ ခေါ်တဲ့ စိတ်ဓါတ်ကျခြင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ စိတ်ဓါတ်ကျခြင်းဟာ ကျွန်တော်တို့ခေတ်ရဲ့ မဖြေရှင်းနိုင်သေးတဲ့ ကျန်းမာရေးပြဿနာအဖြစ်ပါ ဦးတည်နေပါတယ်။ ဝိတ်မခြင်းဟာ စိတ်ဓါတ်ကျခြင်းကို တိုက်ဖျက်ရာမှာ ထိရောက်တဲ့ရလဒ်တွေ ပေးနိုင်တယ်လို့ သုတေသနတွေက ထောက်ခံထားပါတယ်။ သိပ်မပြင်းထန်တဲ့ စိတ်ဓါတ်ကျခြင်း လက္ခဏာတွေကိုဆို ဝိတ်မ,လေ့ကျင့်ခန်းက ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။

(၂) သောကများတာကို လျော့ပါးစေတယ်

Weight lifting and man

Photo: Unsplash
ဝိတ်မခြင်းဟာ စိုးရိမ်သောကများခြင်းကိုလည်း ဖြေရှင်းနိုင်မယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဝိတ်မခြင်းအားဖြင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တင်းကြပ်ဖိစီးမှုကို ဖြေရှင်းနိုင်မယ်လို့ ယူဆထားပါတယ်။ သောကကြောင့် မွန်းကြပ်လာတယ်လို့ ခံစားနေချိန်မှာ ဝိတ်တုံးကောက်ကိုင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် စိတ်သောကတွေ ပါးလျသွားသလို ခံစားရပါတယ်။ ဒါဟာ အားကစားလုပ်ချိန်မှာ ခန္ဓာကိုယ်ကပြန်တုံ့ပြန်တဲ့ သဘာဝတုံ့ပြန်မှုရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုကောင်းစေတယ်

man preparing to workout

Photo: Unsplash

ကိုယ့်ကိုယ်ကိုယ် လှီနေတယ် ၊ သိပ်ပြီး ဘော်ဒီမထွက်ဘူးလို့ ခံစားနေရရင် ဝိတ်မ,ပါ။ ဝိတ်မ ခြင်းအားဖြင့် ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်လာပြီး ကိုယ်လက်ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သန်မာမှုကို ခံစားလာရပါလိမ့်မယ်။ ၄-၅ လလောက် မှန်မှန် ဝိတ်မ,သွားရင် ကိုယ့်ရဲ့ ခွန်အားနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုဟာ သိသိသာသာကြီး တက်လာပြီး ယုံကြည်မှုလည်း ပိုပြီး အားကောင်းလာပါလိမ့်မယ်။

(၄) အရွယ်ကြောင့် ဖြစ်တဲ့ ပြဿနာတွေ အဖြစ်နည်းမယ်

Man workout

Photo: Unsplash

အသက်ကြီးတာကို ဘယ်သူမှ တားလို့ ရမှာ မဟုတ်ပါဘူး။ အားကစားလုပ်ခြင်းဟာ အသက်ကြီးလာတာကို ဟန့်တားဖို့ မဟုတ်ဘဲ အရွယ်အိုမင်းမှုကို ပိုပြီး ထိရောက်တဲ့နည်းနဲ့ ရင်ဆိုင်ဖို့ ဖြစ်ပါတယ်။ အသက်ကြီးလာချိန် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ကျတတ်ပါတယ်။ ဝိတ်မ,တာလိုမျိုး အားကစားလုပ်တာကတော့ ဒီလိုမျိုး အရွယ်ကြောင့် ဖြစ်တဲ့ စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အဖြစ်နည်းစေပါတယ်။ အရွယ်ကြီးလာတဲ့အထိ သွက်လက်ဖျတ်လတ်ပြီး ဦးနှောက်လုပ်ဆောင်မှုတွေ ကောင်းမွန်စေပါတယ်။

Featured Photo: Independent