သင် ကိုယ်တိုင် မသိလိုက်ဘဲ ပြုလုပ်မိလိုက်တဲ့ အမူအကျင့်တချို့က သင့်ခေါင်းကို ဗောက်ထစေတယ်ဆိုတာ သင် သိပါသလား။

ဒီလိုမျိုး ခေါင်းမှာ ဗောက်ထနေလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းပြီး စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ရှောင်ကြဉ်ရမယ့် အမူအကျင့်တချို့ကို ဝေမျှပေးချင်ပါတယ်။

ခေါင်း အလွန်အကျွံ လျော်ခြင်းကို ရပ်တန့်လိုက်ပါ

tips for men to have a healthy hair

တစ်ရက်ခြားတစ်ခါလောက် ခေါင်းလျှော်နေမယ်ဆိုရင် သင် ဦးရေပြားပေါ်မှာရှိတဲ့ ဆီတွေက ခမ်းခြောက်သွားပြီး ဦးရေပြားခြောက်သွေ့သွားပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဦးရေပြားယားယံကာ ဗောက်ထလာပါလိမ့်မယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ၂ ရက် (သို့) ၃ ရက်ကြာမှ တစ်ခါသာ ခေါင်းလျှော်သင့်ကြောင့် အကြံပေးထားပါတယ်။

Conditioner အသုံးမပြုခြင်းကြောင့်

tips for men to have a healthy hair

ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြားမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်နှင့် အညစ်အကြေးများအပြင် သဘာဝအဆီများပါ ခေါင်းလျှော်ရည်နှင့်အတူ ပါသွားပါတယ်။ သဘာဝအဆီကို ပြန်လည်အားဖြည့်ပေးဖို့ရန်အတွက် Conditioner က လိုကို လိုအပ်ပါတယ်။ Conditioner အသုံးပြုခြင်းကြောင့် ဗီတာမင်နှင့် အာဟာရဓာတ်များကို သင့်ဦးရေပြားက ရရှိသွားမှာဖြစ်ပြီး သင့်ဆံကေသာ နူးညံ့ပျော့ပျောင်းသွားပါလိမ့်မယ်။

Conditioner အသုံးမပြုဘူးဆိုရင်တော့ ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထနိုင်ပါတယ်။

ခေါင်း ပုံမှန်မဖြီးလို့

tips for men to have a healthy hair

ခေါင်းဖြီးခြင်းသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဦးရေပြားမှ အညစ်အကြေးများကိုလည်း ဖယ်ရှားပေးတာကြောင့် ဆံကေသာက ဗောက်ထတော့မှာမဟုတ်ပါဘူး။ ခေါင်းဖြီးတဲ့အခါမှာလည်း တစ်နေ့လျှင် နှစ်ကြိမ်သာ ဖြီးသင့်ပါတယ်။ နှစ်ကြိမ်ထက် ပိုဖြီးမိမယ်ဆိုရင်တော့ ဆံပင်ကွတ်ခြင်းနှင့် ဆံကေသာ ပျက်စီးကျိုးကြေခြင်းတို့ ဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှု များနေလို့

tips for men to have a healthy hair

စိတ်ဖိစီးမှု များနေတဲ့အခါ ကျွန်တော်တို့ရဲ့ခုခံစွမ်းအားသည် အခံစားရဆုံးပါပဲ။ ကိုယ်ခံစွမ်းအား ကျဆင်းသွားတဲ့အခါ ပြင်ပမှ ရောဂါပေါင်းစုံ ဝင်လာပါတော့တယ်။ ဦးရေပြားရဲ့ သဘာဝအဆီထွက်မှု နည်းလာပြီး မှိုစွဲတတ်ပါတယ်။ ကြာလာရင် ဗောက်ထလာပါရော။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးကိုလည်း သေချာဂရုစိုက်သင့်ပြီး စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်သင့်ပါတယ်။

Source: Brightside.me

Featured Image Source: Allthingshair.com