ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေပြီး သာမန်လှုပ်ရှားသွားလာချိန်မှာ မသိသာပေမယ့် ပင်ပန်းတဲ့အရာတွေ ပြုလုပ်တဲ့အချိန်မှာတော့ မောပန်းလွယ်စေနိုင်ပါတယ်။ အမြဲတမ်း တက်ကြွလှုပ်ရှားနေရတဲ့ အားကစားသမားတွေအတွက်ကတော့ ဆေးလိပ်ဆိုတာ ယောင်လို့တောင် မသုံးသင့်တဲ့အရာဖြစ်ပေမယ့် ဆေးလိပ်ကို အလွန်အမင်းနှစ်ခြိုက်စွဲလမ်းစွာ သောက်သုံးကြတဲ့ ကမ္ဘာကျော်ဘောလုံးသမား ၁၀ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖေဘီယံ ဘားသက်ဇ်

Fabien Barthez

Photo: gentside

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်းဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ဂိုးသမားဟောင်းကြီး ဖေဘီယံ ဘားသက်ဇ်ဟာ ဆေးလိပ်ကို အလွန်စွဲလမ်းသူဖြစ်တာကြောင့် အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြမသိအောင် ဆေးလိပ်ခိုးသောက်လေ့ရှိသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးနေချိန်အတွင်းမှာလည်း ဆေးလိပ်ခိုးသောက်ခဲ့ပြီး နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ‘ဖေဘီယံ ဆေးလိပ်သောက်နေတာကို ကျွန်တော် သိပါတယ်။ သူက ကျွန်တော် မသိဘူးတောင် ထင်ချင်ထင်နေမှာ’လို့ ပြောခဲ့ဖူးပါတယ်။

၂။ ကာလို အန်ဆယ်လော့တီ

Carlo Ancelotti smoking

Photo: Marca

လက်ရှိ ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်တဲ့ အန်ဆယ်လော့တီဟာ ဆေးလိပ်သမားဖြစ်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ အရင်တုန်းက ဘောလုံးကွင်းထဲမှာ ဆေးလိပ်သောက်တာကို မပိတ်ပင်ခင်က အန်ဆယ်လော့တီကို နည်းပြခုံမှာ ဆေးလိပ်ဖွာနေတာကို မကြာခဏ မြင်တွေ့ခဲ့ရပါတယ်။

၃။ ဖိလစ်ပီ မက်ဆက်စ်

philippe mexès smoking

Photo: acmilan forum

အေစီမီလန်နဲ့ ရိုးမားနောက်ခံကစားသမားဟောင်း ဖိလစ်ပီ မက်ဆက်စ်ဟာ ဆေးလိပ်ကို အလွန်စွဲလမ်းနှစ်ခြိုက်စွာနဲ့ သောက်သုံးလေ့ရှိသူဖြစ်ပြီး လူလစ်ရင် ဆေးလိပ်ခိုးဖွာပေမယ့် ပါပါရာဇီတွေရဲ့ ကင်မရာရိုက်ချက်ကိုတော့ မရှောင်လွှဲနိုင်ခဲ့လို့ ဆေးလိပ်သမားမှန်း အားလုံး သိသွားခဲ့ကြပါတယ်။

၄။ မာရီယို ဘာလိုတယ်လီ

Mario Balotelli smoking

Photo: Daily Mail

ဘောလုံးလူဆိုးအဖြစ် သတ်မှတ်ခံထားရတဲ့ အီတလီတိုက်စစ်မှူးဟာ ဘောလုံးကွင်းထဲမှာတင်မကဘဲ ကွင်းပြင်ပမှာပါ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးလိပ်သောက်ခြင်းကို ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

၅။ ဒီမီတာ ဘာဘာတော့ဗ်

Dimitar Berbatov smoking

Photo: whatahowler

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က ဆေးလိပ်သမားဆိုတာ သိရရင် အားလုံး အံ့သြကြမှာဖြစ်ပြီး ဘူဂေးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟောင်းကတော့ ဆေးလိပ်သောက်ရင် ပိုပြီး စိတ်ငြိမ်တာကြောင့် သောက်တာပါလို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

၆။ မာကို ဗာရက်တီ

Marco Verratti smoking

Photo: bayernforum

ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ဗာရက်တီဟာ ပါပါရာဇီတွေရဲ့ လက်ချက်နဲ့ လက်ကြားထဲ ဆေးလိပ်ညှပ်ထားတဲ့ပုံတွေ မိတာ တစ်ကြိမ်မကတော့ပါဘူး။ ဒါပေမယ့်လည်း ဆေးလိပ်ကို မဖြတ်နိုင်လောက်အောင် နှစ်သက်လွန်းတာကြောင့် ကိုယ်ရေးကိုယ်တာအချိန်တွေမှာ လက်ကြားက မချနိုင်သူပါ။

၇။ ဘူဖွန်

PSG football player Gianluigi Buffon and his wife Ilaria D'Amico lunch
Photo: Daily Mail

အီတလီဂန္တဝင် ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ အားလပ်ရက်တွေမှာ ဆေးလိပ်လေးဖွာပြီး အပန်းဖြေလေ့ရှိသူဖြစ်ပြီး ဆေးလိပ်ဖွာနေတဲ့ပုံစံက တလောကလုံးမှာ သူ တစ်ယောက်တည်းရှိတော့တဲ့ပုံပါပဲ။ ဒါနဲ့ ဘူဖွန် ဖွာနေတဲ့ ဆေးလိပ်က ကွီးတို့ကြိုက်တဲ့ မာလ်ဘိုရိုလေး ဟုတ်တယ်မဟုတ်လားဗျ။

၈။ ရော်နယ်ဒို

Ronaldo Smoking

Photo: caughtoffside

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အဝလွန်ရောဂါနဲ့ ကျန်းမာရေးမကောင်းတဲ့ကြားက ဆေးလိပ်လေးမှ မသောက်ရရင် နေလို့မကောင်းတဲ့သူပါတဲ့။

၉။ ဂျိုဟန် ခရိုက်ဖ်

Johan Cruyff smoking

Photo: eurosport

ဒတ်ချ်ဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ ဂျိုဟန် ခရိုက်ဖ်ဟာ တစ်နေ့ကို စီးကရက်တစ်ဘူး ကုန်တဲ့အထိ သောက်သုံးခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်း ဆေးလိပ်ဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အဆုတ်ကင်ဆာရောဂါ ခံစားနေရကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဂျိုဟန် ခရိုက်ဖ်ဟာ ၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်နေ့နံနက် ဘာစီလိုနာမြို့ ဆေးခန်းမှာပဲ ဇနီးသည်၊ သားသမီးမြေးမြစ်တွေရှေ့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

၁၀။ ဇီဒန်း

Zinedine Zidane smoking

Photo: maisfutebol

ရီးရဲလ်မက်ဒရစ်ဂန္တဝင်ကွင်းလယ်ကစားသမားဖြစ်တဲ့ ဇီဒန်းဟာ ကစားသမားဘဝမှာ ဆေးလိပ်သောက်သုံးပြီးတော့ စိတ်ဖိစီးမှုတွေကို လျှော့ချခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် အီတလီနဲ့မယှဉ်ပြိုင်မီမှာ ဆေးလိပ်သောက်နေတဲ့ပုံကို သတင်းထောက်တွေက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

Featured Photo: bayernforum