ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ စကားရှိပါတယ်။ ဝမ်းချုပ်ရင် မအီမသာခံစားရပြီး ခေါင်းအုံခေါင်းကိုက်ရာကနေ ဗိုက်အောင့်နေတတ်ပါတယ်။ အူလှုပ်ရှားဖို့ ခက်လာပြီး အညစ်အကြေးစွန့်ရခက်လာတာကို ဝမ်းချုပ်လာတယ်လို့ ဆိုပါတယ်။ အမျှင်ဓါတ်ပါတာ အစားနည်းတာ ၊ နေ့စဉ်လှုပ်ရှားနေထိုင် စားသောက်မှုတွေ မမှန်ကန်တာကြောင့် ဝမ်းချုပ်တတ်ပါတယ်။
ဒါကြောင့် ဆရာဝန်တွေက ဝမ်းချုပ်တတ်သူကို ဝမ်းနှုတ်ဆေးစားဖို့ထက် အမျှင်များများပါတဲ့ အပင်ထွက်ပစ္စည်းစားတာ ၊ အထိုင်မများစေဘဲ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ခိုင်းတာမျိုး လုပ်ဖို့ ညွှန်ကြားလေ့ရှိတာပါ။ အမျှင်ပါတဲ့ အသီးအနှံ ၊ အသီးအရွက် ၊ အစေ့အဆံတွေ ၊ ကောက်ပဲသီးနှံတွေစားခြင်းအားဖြင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဘယ်လို အသီးအနှံတွေ စားရမလဲ ကြည့်လိုက်ရအောင်ပါ။
(၁) ပဲအမျိုးမျိုး

Photo: nextluxury
ပဲတောင့်ရှည် ၊ ကုလားပဲ ၊ ပဲတီစိမ်း ၊ ပဲနီလေး စတဲ့ ပဲတွေမှာ အမျှင်ဓါတ်ကြွယ်ဝပါတယ်။ ချက်ပြုတ်ထားတဲ့ ပဲတစ်ခွက်စာမှာ အမျှင်ဓါတ် ၁၆ ဂရမ် ထောက်ပံ့ပေးပါတယ်။ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓါတ်ဟာ ၂၅ ကနေ ဂရမ် ၃၀ ဖြစ်ပါတယ်။ ဒီတော့ပဲဟင်းတစ်ခွက် စားတာနဲ့တင် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်ရဲ့ ထက်ဝက်ကျော်ကို စားသုံးနိုင်မှာပါ။
(၂) ရက်စ်ဘယ်ရီ

Photo: nextluxury
အမျှင်ဓါတ်အမြင့်ဆုံး သစ်သီးတစ်မျိုးက ရက်စ်ဘယ်ရီသီး ဖြစ်ပါတယ်။ ရက်စ်ဘယ်ရယ်ဟာ အစေ့သေးသေးလေးတွေပါပြီး အမျှင်ဓါတ်အလွန်မြင့်တဲ့ ဘယ်ရီနွယ်ဝင် အသီးဖြစ်ပါတယ်။ တခြား အစေ့ပါတဲ့ ဘယ်ရီသီးတွေဖြစ်တဲ့ ဘလက်ဘယ်ရီတို့ ၊ စတော်ဘယ်ရီတို့မှာလည်း အမျှင်ဓါတ် မြင့်တာပါပဲ။
ဒီအသီးတွေကို မနက်ခင်းမှာ ဒိန်ချဉ်တို့ ကွေကာတို့နဲ့လည်း အာဟာရပြည့်ဝပြီး အရသာရှိတဲ့ မနက်စာအဖြစ် ထည့်စားကြပါတယ်။ ဗိုက်တာမင်နဲ့ ဓါတ်တိုးဆန့်ကျင်ဓါတ်တွေလည်း ပါလို့ ဆဲလ်တွေ ထိခိုက်ပျက်စီးတာ ၊ ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့ Free Radicals တွေကိုပါ တိုက်ထုတ်နိုင်ပါတယ်။
(၃) အယ်လ်မွန်

Photo: nextluxury
အစေ့အဆံတွေဟာ ပရိုတိန်းရော အမျှင်ဓါတ်ပါ ကြွယ်ဝတဲ့ အစေ့အဆံတွေ ဖြစ်ပါတယ်။ အယ်လ်မွန်စေ့တွေက အစေ့အဆံတွေ ဖြစ်လို့ သွားလေရာ သယ်သွားလို့လည်း လွယ်ပါတယ။ အယ်လ်မွန်လက်တစ်ဆုပ်စာဟာ အမျှင်ဓါတ် ၃ ဂရမ် အထိ ပါရှိပါတယ်။
(၄) အုတ်ဂျုံ

Photo: nextluxury
အမျှင်မှာ နှစ်မျိုးရှိပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ မပျော်ဝင်နိုင်တဲ့အမျှင်ဆိုပြီး ဖြစ်ပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်တွေဆိုတာ ရေထဲမှာ ပျော်ဝင်ပြီး ဂျယ်လ်ပုံစံရှိပါတယ်။ အုတ်ဂျုံတွေက ပျော်ဝင်နိုင်တဲ့ အမျှင်အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ပလိန်းအုတ်ဂျုံတွေမှာ သကြားဓါတ်မပါတာကြောင့် ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်ပါတယ်။
(၅) ထောပတ်သီး

Photo: nextluxury
ထောပတ်သီးထဲက အသားက ခရမ်မ်ဆန်လို့ အမျှင်ဓါတ်မပါဘူးလို့ ထင်ကြပါတယ်။ တကယ်က ထောပတ်သီးတစ်လုံးမှာ အမျှင်ဓါတ် ၁၃ ဂရမ် ပါရှိပါတယ်။ ထောပတ်သီးမှာ ပါတဲ့ မပြည့်ဝဆီဟာ နှလုံးကျန်းမာရေးအတွက် အားပေးတာကြောင့် ကိုလက်စထရောမြင့်ပြီး နှလုံးဝေဒနာ ရှိဖူးသူတွေ စားပေးသင့်ပါတယ်။
နောက်ထပ် အမျှင်ဓါတ်ပြည့်ဝတဲ့ အသီးအနှံတွေကတော့ အချဉ်ဓါတ်ပါတဲ့ လိမ္မော် ၊ ဂရိတ်ဖရုစတဲ့ အသီးအနှံတွေပဲ ဖြစ်ပါတယ်။
Featured Photo: nextluxury
