လူတိုင်းကတော့ ဘဝမှာကြွယ်ဝချမ်းသာချင်ကြတဲ့ သူတွေချည်းပါပဲ။ ဘဝမှာအောင်မြင်ပြီး ချမ်းသာကြွယ်ဝဖို့ အသက်အရွယ်အကန့်အသတ်မရှိတာမှန်ပေမယ့် အသက်ငယ်ငယ်နဲ့ ချမ်းသာတဲ့ သူဌေးသူကြွယ်တစ်ယောက် ဖြစ်ချင်ရင်တော့ သူများတွေထက်ပိုပြီး ကြိုးစားအားထုတ်မှုတွေလုပ်ရမှာ အမှန်ပါ။ သင်ဟာ လက်ရှိအသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်တစ်ယောက်ဖြစ်ပြီး နောက်လာမယ့်အနာဂတ်မှာငွေရေးကြေး ရေး မကြောင့်မကျနဲ့ ကြွယ်ဝချမ်းသာသူ တစ်ယောက်ဖြစ်ချင်ရင်တော့ အခုပြောမယ့်အချက်တွေကို လိုက်နာဖို့လိုပါလိမ့်မယ်။

(၁) အပိုဝင်ငွေလမ်းကြောင်းရှာပါ

man holding money while sitting on chair

Photo Source : Freepik

လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ လူငယ်အရွယ်မှာ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းကိုပဲ မှီခိုအားထားတာမျိုးမလုပ်သင့် ပါဘူး။ အပိုဝင်ငွေရနိုင်မယ့် အခြားသော အချိန်ပိုင်းအလုပ်တွေကိုလည်း တွဲဖက်လုပ်ကိုင်သင့်ပါတယ်။ သင့်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း အားအင်တွေကို သင့်ဘဝရဲ့အလုပ်ထဲမှာ မြုပ်နှံထားပြီး ဝင်ငွေလမ်းကြောင်းကိုအမြဲ အာရုံ စိုက်ထားသင့်ပါတယ်။

(၂) ရင်းနှီးမြုပ်နှံပါ

Man Holding House Keys

Photo Source : Time Conti Sheffield

လူငယ်ဘဝမှာ ငွေကုန်စရာကိစ္စတွေက ခပ်များများရယ်ပါ။ သို့သော် ကိုယ်ရှာလို့ရတဲ့ဝင်ငွေကို သုံးပစ်တာထက် စုနိုင်သလောက်စုတာ ၊ ပြန်လည်ရင်းနှီးမြုပ်နှံတာမျိုးတွေ ပိုလုပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ငွေပေါ်ငွေ ဆင့်ပြီး တိုးပွားလာစေမယ့် ရင်းနှီးမြုပ်နှံခြင်းဆိုင်ရာလုပ်ငန်းတွေမှာ ငွေကိုထည့်ထားတာ ကောင်းပါတယ်။

(၃) တိုးတက်အောင်လုပ်ပါ

man working on digital devices while sitting at table

Photo Source : Techdee

ဝင်ငွေကို ရင်းနှီးမြုပ်နှံသလို ကိုယ့်ကိုယ်ကို တိုးတက်အောင်လည်း ရင်းနှီးမြုပ်နှံသင့်ပါတယ်။ အလုပ်ကို ကြိုးကြိုး စားစားလုပ်ကိုင်ပြီး အားလပ်ချိန်ရတိုင်းမှာ အသိပညာဗဟုသုတ တိုးစေမယ့်အရာတွေ ကိုယ့်အရည်အချင်းကို တိုး တက်လာစေမယ့်အရာတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တိုးတက်မှုကို အမြဲရှာဖွေလုပ်ဆောင်နေသူအတွက် အောင်မြင်မှုဆိုတာ မဝေးတော့တဲ့ အနာဂတ်တစ်ခုပါပဲ။

(၄) အပေါင်းအသင်းကောင်းတွေရှာပါ

young men multicultural programmers gesturing during discussion in office

Photo Source : Crello

ဘဝမှာ အောင်မြင်ချမ်းသာဖို့ အပေါင်းအသင်းကဏ္ဍကလည်း အရေးပါပါတယ်။ အဓိကအားဖြင့် ကြိုးစားချင် စိတ်ရှိသူတွေ အောင်မြင်ချမ်းသာလိုစိတ်ရှိသူတွေနဲ့ အချိန်များများ ကုန်ဆုံးသင့်ပါတယ်။ အတွေ့အကြုံရင့်သန်ပြီး အထိုက်အလျောက်အောင်မြင်ထွန်းပေါက်နေသူတွေနဲ့ မိတ်ဆွေဖွဲ့ထားတာဟာ ကိုယ့်အတွက် အကြံဉာဏ်ကောင်း တွေ၊ အခွင့်အလမ်းကောင်းတွေလည်း ရစေမှာပါ။

(၅) ကျရှုံးမှာ မကြောက်ပါနဲ့

Depressed man touching head while sitting at workplace

Photo Source : Freepik

ဘဝဟာအမြဲတမ်း အဆင်ပြေချောမွေ့နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျရှုံးမှုတွေနဲ့လည်း ကြုံလာနိုင်ပါတယ်။ ဒါပေမယ့် လူငယ်တစ်ယောက်အတွက် ကျရှုံးမှုဆိုတာ တွန်းအားတစ်ခုပါပဲ။ ကျရှုံးမှုတွေကနေ အကောင်းဆုံး သင်ခန်းစာယူပြီး နောက်ထပ်တစ်ကြိမ် ကြိုးစားရမှာပါ။ ဒါမှလည်း ကိုယ်ရည်မှန်းထားတဲ့ အနာဂတ်ပန်းတိုင်ကို သေချာပေါက်ရောက်နိုင်မှာပါ။

Featured Photo Source : Bibleinfo.com