ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီသာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ပြောင်းရွှေ့သွားနိုင်ခဲ့မယ်ဆိုရင် အဲဗာတန်ကြယ်ပွင့် ရစ်ချာလီဆန်ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၂၀၂၂ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာကြောင့် ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ ကာလရှည်အနာဂတ်အတွက် မရေမရာဖြစ်လာနေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Richarlison

Photo: Football Fancast

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကနဦး ကမ်းလှမ်းမှုဖြစ်တဲ့ ယူရိုသန်း ၁၆၀ ကို ငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ လက်ရှိမှာတော့ ဒုတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ယူရိုသန်း ၁၇၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ဘတ်ပီကို ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပေမယ့်လည်း ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံမပါဝင်တဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

ESPN Brasil ရဲ့ ဖော်ပြချက်အရ ရစ်ချာလီဆန်ရဲ့ ကိုယ်စားလှယ်တွေဟာ ပဲရစ်မှာ ရောက်ရှိနေပြီး ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ဘတ်ပီအတွက် ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကြား ဆွေးနွေးညှိနှိုင်းမှုတွေလည်း ယနေ့မှာ နောက်တဆင့် ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ လက်ရှိမှာတော့ ၂၀၂၄ ခုနှစ်မှာ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရစ်ချာလီဆန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ခက်ခဲတဲ့ စမ်းသပ်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

Featured Photo: freepressjournal