ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အဆိုတော်က ဘယ်သူဖြစ်မလဲ။
အချို့သော ထင်ပေါ်ကျော်ကြားတဲ့ အဆိုတော်များသည် ဒေါ်လာသန်းပေါင်းများစွာပိုင်ဆိုင်ထားကြတဲ့ အဆိုတော်တွေဖြစ်ကြပြီး အချမ်းသာဆုံးစာရင်းထဲတောင် ဝင်ထားကြပါတယ်။ ဘယ်သူက အချမ်းသာဆုံးစာရင်း ဝင်ထားသလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်။
(10) Barbra Streisand

အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီး ဂရမ်မီဆုပေါင်းများစွာ ရရှိထားပါတယ်။ သူမရဲ့အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ ၄၀၀ မီလီယံရှိပါတယ်။
(9) Victoria Beckham

David Beckham ရဲ့ဇနီးချောတစ်ဦးဖြစ်တဲ့ Victoria Beckham ရဲ့အသားတင် ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၄၅၀ မီလီယံရှိပါတယ်။
(8) Gloria Estefan

ကျူးဘား အမေရိကန် ကပြားတစ်ဦးဖြစ်ပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ်ဆောင်နှင့် စီးပွားရေးအလုပ် လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့အသားတင် ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၅၀၀ မီလီယံရှိပါတယ်။
(7) Beyonce

ဂရမ်မီဆုပေါင်း ၂၂ ဆု ရရှိပိုင်ဆိုင်ထားတဲ့ Beyonce ကတော့ ဒေါ်လာ ၅၀၀ မီလီယံ ပိုင်ဆိုင်ထားပါတယ်။
(6) Rihanna

နံပါတ် (၆) နေရာမှာ ရပ်တည်နေတဲ့ Rihanna ကတော့ ဒေါ်လာ ၅၅၀ မီလီယံ ပိုင်ဆိုင်ထားပါတယ်။
(5) Julio Iglesias

စပိန်အဆိုတော်နှင့် သီချင်းရေးဆရာတစ်ဦးဖြစ်တဲ့ Julio Iglesias ကတော့ ဒေါ်လာ ၆၀၀ မီလီယံ ပိုင်ဆိုင်ထားပါတယ်။
(4) Dolly Parton

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ Dolly Parton ကတော့ ဒေါ်လာ ၆၀၀ မီလီယံ ပိုင်ဆိုင်ထားပါတယ်။
(3) Celine Dion

ကနေဒါလူမျိုး အဆိုတော်နှင့် Businesswoman တစ်ဦးဖြစ်ပြီး သူမရဲ့အသားတင်ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၈၀၀ မီလီယံရှိပါတယ်။
(2) Madonna

ပေါ့ပ်ဘုရင်မလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Madonna မှာတော့ အသားတင်ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၈၅၀ မီလီယံရှိပါတယ်။
(1) Herb Alpert

အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Herb Alpert ကတော့ အသားတင်ပိုင်ဆိုင်မှုပေါင်း ၈၅၀ ဒေါ်လာ ပိုင်ဆိုင်ထားပါတယ်။
Source: Wealthygorilla.com
