အရင်းအနှီးနည်းနည်းနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ချင်သူတွေအတွက် အွန်လိုင်းအခြေခံ အသေးစားစီးပွားရေးလုပ်ငန်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) Fitness နည်းပြလုပ်ငန်း

Photo : Next Insurance
သင်ဟာ အာကစားလုပ်ရတာကြိုက်နှစ်သက်ပြီး ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ Fitness နည်းပြအဖြစ်နဲ့ ဝင်ငွေရှာလို့ရနိုင်ပါတယ်။ Fitness နည်းပြလုပ်မယ်ဆိုရင် လေ့ကျင့်ခန်း ၊ အစာအာဟာရနှင့် နေထိုင်မှုပုံစံတွေအတွက် ဗဟုသုတများများရှိဖို့လိုအပ်ပြီး ဖောက်သည်တစ်ယောက်ချင်းစီအလိုက် လေ့ကျင့်ခန်း Programme တွေ အစားအသောက် Plan တွေရေးဆွဲပေးနိုင်ရမှာဖြစ်ပါတယ်။
(၂) Thrift အဝတ်အထည်လုပ်ငန်း

Photo : Freepik
ခုနောက်ပိုင်း အွန်လိုင်းပေါ်မှာခေတ်စားလာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပါ။ Thrift Clothings ဆိုတာ နိုင်ငံခြားဖြစ် Second Hand (တစ်ပတ်ရစ်) အဝတ်အထည်တွေဖြစ်ပါတယ်။ ဈေးသက်သက်သာသာနဲ့ Quality ကောင်းတဲ့ Brand တွေ ဝတ်ဆင်နိုင်တဲ့အတွက် လူတန်းစားမရွေး စိတ်ဝင်တစား ဝယ်ယူဝတ်ဆင်လာကြတာကြောင့် အခုချိန်လုပ်ကိုင်သင့်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
(၃) ဘာသာပြန်လုပ်ငန်း

Photo : Crello
ဘာသာစကားကျွမ်းကျင်သူဖြစ်ပြီး စကားလုံးအသုံးအနှုန်းသင့်တင့်ဆီလျော်အောင် ဘာသာပြန်ဆိုတက်သူတစ်ယောက်ဆိုရင် ဘာသာပြန်လုပ်ငန်းစတင်လို့ရပါတယ်။ အွန်လိုင်းမီဒီယာတွေမှာ Part Time အနေနဲ့ သတင်းဆောင်းပါးတွေ ဘာသာပြန်ရေးသားနိုင်သလို ရုပ်ရှင်ဇာတ်ကားတွေကို ဘာသာပြန်ဆိုခြင်း ၊ ပရော့ဂျက်အလိုက် စာမူတွေကို ဘာသာပြန်ဆိုရေးသားခြင်းတွေ လုပ်ကိုင်ပြီး ဝင်ငွေရှာနိုင်ပါတယ်။
(၄) ဒေသထွက်စားသောက်ကုန်လုပ်ငန်း

Photo : InsideHook
စားသောက်ကုန်လုပ်ငန်း စိတ်ဝင်စားသူတွေ Try ကြည့်သင့်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒေသထွက် အစားအသောက်ရောင်းဝယ်ရေးလုပ်ငန်းဟာ ပုံမှန်စားသောက်ကုန်ရောင်းဝယ်တာထက်ပိုပြီး လူတွေရဲ့စိတ်ဝင်စားမှု ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် တောင်ပေါ်ဒေသထွက် ထူးထူးခြားခြား အစားသောက်များ ၊ အညာဒေသထွက် ရိုးရာအစားအသောက်များ စသည်ဖြင့် ဒေသထွက်အစားအသောက်တွေကို ရောင်းချသင့်ပါတယ်။
Featured Image Photo : Bonjour Saïgon
