ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာ ချစ်သူကောင်းတို့ရဲ့ ပြယုဂ်တစ်ခုလို့ ပြောရမှာပါ။ ကွီးတို့လည်း ကိုယ့်ချစ်သူလေးကို ပျော်ရွှင်အောင်ထားချင်ကြတာပဲ မဟုတ်လား။ ဒါဆိုရင် အခုပြောပြမယ့် နည်းလမ်းလေးတွေက သင့်ချစ်သူကောင်မလေးကို အပြုံးပန်းတွေပွင့်လန်းပြီး အမြဲပျော်ရွှင်ရတဲ့ကောင်မလေးအဖြစ်မြင်တွေ့ရအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

(၁) စိတ်လုံခြုံမှုပေးပါ

Attractive woman and handsome man smiling and playing on roof

Photo : Crello

ကိုယ့်ရဲ့ပါတနာအပေါ် စိတ်ပိုင်းဆိုင်ရာလုံခြုံတယ်လို့ ခံစားရစေတာကလည်း တစ်နည်းအားဖြင့် ပျော်ရွှင်မှုပေးခြင်းပါပဲ။ စိုးရိမ်ပူပင်မှုတွေနဲ့ မလုံခြုံသလိုခံစားရတဲ့ Relationship တစ်ခုမှာ ဘယ်သူမှပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပူပင်သောကနဲ့ စိုးရိမ်မှုတွေမရှိပဲ သူမကိုစိတ်လုံခြုံမှုပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

(၂) သင့်ရင်ထဲမှာ သူမရှိတယ်ဆိုတာကို အသိပေးပါ

Happy couple in woolen socks relaxing on couch at home

Photo : Crello

ကိုယ့်ရင်ထဲမှာ သူမအမြဲရှိတယ်ဆိုတာကို သိစေဖို့ အများကြီးစဉ်းစားနေစရာ မလိုပါဘူး။ သတိရတဲ့အခါတိုင်း ကိုယ့်ဘက်ကစပြီးဖုန်းခေါ်တာမျိုး ၊ စာတိုလေးတွေ မှန်မှန်ပို့တာမျိုး စသည်ဖြင့်ပေါ့။ ဒီအရာလေးတွေက အသေးအမွှားလေးတွေလို့ထင်ရပေမယ့် ကိုယ့်ရဲ့အချစ်တွေကို အထိရောက်ဆုံးဖော်ပြရာရောက်ပါတယ်။

(၃) သူမအပေါ်အာရုံစိုက်ပါ

couple with guitar sitting on couch at home

Photo : Crello

အွန်လိုင်းပေါ်မှာ စကားပြောတဲ့အချိန်ဖြစ်စေ ၊ အပြင်မှာလူချင်းတွေ့ရင်ပဲဖြစ်စေ သူမအပေါ် အာရုံစိုက်ဖို့လည်း ဂရုပြုသင့်ပါတယ်။ သူမရဲ့မေးခွန်းတွေ ၊ သူမပြောတဲ့စကားလေးတွေ အပေါ် တုန့်ပြန်မှု ကောင်းကောင်းလုပ်နိုင်တာမျိုး ၊ အပြင်မှာတွေ့တဲ့အချိန်မှာလည်း သူမရဲ့ဖက်ရှင်အပြင်ဆင်အပေါ် ကောင်းတဲ့ချီးမွှန်းမှုပေးတာမျိုး စသည့်ဖြင့် လုပ်သင့်ပါတယ်။ ဒါမှလည်း သူမအပေါ်အပြည့်အဝအာရုံစိုက်မှုရှိတယ်ဆိုတာ သူမခံစားရစေမှာပါ။

(၄) လက်ဆောင်လေးတွေပေးပါ

man holding red birthday present behind back with excited woman

Photo : Crello

လက်ဆောင်လေးတွေက မိန်းကလေးတွေအတွက် ပျော်ရွှင်မှုပေးနိုင်တဲ့အရာလေးတွေဖြစ်သလို ကွီးတို့ချစ်သူနှစ်ဦးကြားအမှတ်တရတွေလည်း တိုးစေမှာပါ။ အထူးသဖြင့် သူမလိုချင်တယ်လို့ပြောဖူးတဲ့ အရာလေးတွေ ၊ သူမရဲ့ favourite အဖြစ်ဆုံးပစ္စည်း လေးတွေကိုမှတ်ထားပြီး အမှတ်တရအနေနဲ့ ဝယ်ပေးတာမျိုးလုပ်ပါ။ သူမရဲ့ပျော်ရွှင်တဲ့အပြုံးတွေ မြင်ရပါလိမ့်မယ်။

Featured Photo Source : Crello