အိပ်ရေးဝဝ အိပ်စက်ခြင်းသည် သင့်ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် များစွာအရေးပါပါတယ်။ အချို့သူတွေက ညဘက်မှာ တော်တော်နဲ့ အိပ်မပျော်ကြပါဘူး။ နှစ်ခြိုက်စွာ အိပ်စက်ခွင့်မရတဲ့အခါ မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့ကျခြင်း အစရှိတဲ့ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

ညဘက်မှာ တော်တော်နဲ့ အိပ်မရဖြစ်နေတဲ့ ယောကျာ်းများအတွက် လျင်မြန်စွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးချင်ပါတယ်။

တရားထိုင်ပါ (သို့) ယောဂဆော့ပါ

how to fall asleep faster for men

လူသားများသည် စိတ်ဖိစီးမှုများလာတဲ့အခါ အိပ်မောကျဖို့ ခက်ခဲလာပါတယ်။ စိတ်ဖိစီးမှုများကြောင့် စိတ်ရှုပ်ထွေးပြီး ထိုအရာက သင့်ရဲ့အိပ်စက်ခြင်းကို နှောင့်ယှက်တတ်ပါတယ်။ ဒါဆိုရင် စိတ်ဖိစီးမှု ပြေပျောက်အောင် အရင်လုပ်ရပါမယ်။ တရားထိုင်ခြင်း၊ ယောဂဆော့ခြင်းတို့သည် စိတ်ကို တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကိုလည်း အနားရစေပါတယ်။

အိပ်ခါနီးမှာ နာရီခဏခဏ ကြည့်ခြင်းကို ရှောင်ကြဉ်ပါ

how to fall asleep faster for men

အိပ်မရရောဂါရှိတဲ့သူတော်တော်များများမှာ နာရီခဏခဏ ကြည့်တဲ့အကျင့်ရှိကြပါတယ်။ ဒီလိုနာရီခဏခဏ ကြည့်တဲ့အခါ စိတ်လှုပ်ရှားမှု ပြင်းထန်လာပြီး အိပ်လို့မရအောင် ဖြစ်စေပါတယ်။ ဒါ့ကြောင့် ခဏခဏ နာရီကြည့်တတ်တဲ့အလေ့အကျင့်ကိုလည်း ရှောင်ကြဉ်ရပါမယ်။

နေ့ဘက်တွင် လေ့ကျင့်ခန်းပြုလုပ်ပါ

how to fall asleep faster for men

ပြေးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ တင်းနစ်ဆော့ကစားခြင်းတို့သည် သင့်ကို ညဘက်တွင် မြန်မြန်အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဦးနှောက်ထဲတွင် Serotonin ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုဟော်မှုန်းများကိုတော့ လျော့ချပေးပါတယ်။ ဒါ့ကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာပါ။

လျှပ်စစ်ပစ္စည်းအားလုံးကို ပိတ်လိုက်ပါ

how to fall asleep faster for men

ညဘက်တွင် လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းသည် သင့်ရဲ့အိပ်စက်ခြင်းကို ကြန့်ကြာစေပါတယ်။ ဒါ့ကြောင့် အိပ်ခါနီး တစ်နာရီခန့်အလိုကတည်းက လျှပ်စစ်ပစ္စည်းများအသုံးပြုမှုကို ရပ်တန့်ပစ်လိုက်ပါ။

နေ့လည်ဘက်တရေး မအိပ်ပါနဲ့

how to fall asleep faster for men

၁၉၉၆ ခုနှစ်က ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်အရ နေ့လည်ဘက်တွင် တရေးတမောအိပ်တတ်ကြတဲ့ လူကြီးများသည် ညဘက်တွင် တော်တော်နဲ့ အိပ်မပျော်တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အဝလွန်နိုင်ချေလည်း ပိုများကြတယ်လို့ လေ့လာရပါတယ်။

Source: Healthline.com

Featured Image Source: Aarp.org