ကီဝီသီးထဲတွင် ဗီတာမင်အီး၊ ဗီတာမင်စီ၊ ကောလဂျင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ရောင်ရမ်းခြင်းကို လျော့ချပေးပြီး ဝက်ခြံနှင့် အနီစက်များကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
ဝက်ခြံ၊ အနီစက်များ၊ အမဲစက်များကြောင့် စိတ်ညစ်နေတဲ့ယောကျာ်းများအတွက် ကီဝီသီးသည် ဝက်ခြံများကို သက်သာပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း တင်းရင်းလှပစေပါတယ်။
ကီဝီသီးနဲ့ ဝက်ခြံနှင့် အနီစက်များ ပျောက်ကင်းအောင်၊ အသားအရေ တင်းရင်းအောင် ဘယ်လိုထိန်းသိမ်းပြုပြင်နိုင်မလဲဆိုတော့ …
ကီဝီသီးနှင့် ကြက်ဥအနှစ်

ကီဝီသီးတစ်ခြမ်းကို ဇွန်းဖြင့် ခပ်ထုတ်ပြီးနောက် အနှစ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း၊ ကြက်ဥအနှစ် ၁ လုံးတို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းပြီးနောက် ၁၅ မိနစ်ခန့် ပေါင်းတင်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။
ဒီပေါင်းတင်နည်းက အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ကျယ်ခြင်းကိုလည်း သက်သာစေပါတယ်။
ကီဝီသီးနှင့် ထောပတ်သီး

ကီဝီသီး ၁ လုံး၊ ချေမွပြီးသား ထောပတ်သီးအဖတ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါမယ်။ ပျားရည်က မထည့်ချင်လည်းရပါတယ်။ ကီဝီသီးနှင့် ထောပတ်သီးကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ပျားရည်အသုံးပြုပါက ပျားရည်ထည့်ကာ ထပ်မံရောနှောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ပြည့်မှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။
ကီဝီသီးနှင့် ရှားစောင်းလက်ပတ်ဂျယ်လ်

ကီဝီသီး ၁ လုံးကို ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် လတ်ဆတ်သော ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် ညီညီညာညာသုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ သင့်အသားအရေကို နူးညံ့အေးမြစေပါလိမ့်မယ်။
ကီဝီသီးနှင့် သံပုယိုရည်

ကီဝီသီးတစ်လုံးကို အခွံထဲက ခပ်ထုတ်ပြီးနောက် ခက်ရင်းဖြင် ချေမွလိုက်ပါ။ ထို့နောက် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။
ဒီပေါင်းတင်နည်းသည် သင့်အသားအရေကို ကြည်လင်စေမှာဖြစ်ပြီး အဆီပြန်သူများအတွက်တော့ အသင့်တော်ဆုံးပါပဲ။
Source: Stylecraze.com
Featured Image Source: Crello.com
