ဖက်ရှင်ကျအောင် ဝတ်ဆင်ရခြင်းသည် လွယ်ကူရိုးရှင်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါဇင်ချီသော အဝတ်အစားများ၊ အသုံးအဆောင်များအတွက် ရင်းနှီးမြှုပ်နှံဖို့လိုအပ်ပြီး သူ့နေရာသူနဲ့သူ သူ့ရာသီဥတု၊ ပွဲနေပွဲထိုင်နဲ့ လိုက်ဖက်အောင်လည်း ဝတ်စားတတ်ရပါသေးတယ်။
သို့သော် ဖက်ရှင်ကျဖို့အတွက် အဝတ်အစားကို အရောင်စုံအောင် ဝတ်စားစရာမလိုပါဘူး။ အရောင်တစ်မျိုးတည်းနဲ့တင် လုံလောက်ပါတယ်။ ဥပမာအားဖြင့် အနက်ရောင်သည် Classic ဖြစ်တဲ့အရောင်အဖြစ် သတ်မှတ်ခြင်းခံရပြီး ယောကျာ်းသားအများစုရဲ့ကြိုက်နှစ်သက်ခြင်းကို ခံရပါတယ်။ သင်သည်လည်း All Black ဖက်ရှင်ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်စတိုင်လ်များကို ကြည့်ရှုလေ့လာရင်း မိမိဖက်ရှင်အဖြစ် ပြန်လည်ဖန်တီးယူနိုင်ပါတယ်။
အနက်ရောင် အဝတ်အစားနဲ့ လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်သောဖက်ရှင်မျိုးကို ဖန်တီးနိုင်သလို စမတ်ကျကျနဲ့ တည်ငြိမ်ရင့်ကျက်တဲ့စတိုင်လ်မျိုးကိုလည်း ဖန်တီးနိုင်တယ်ဆိုတာ ဖက်ရှင်ချစ်သူများအားလုံးလည်း သိသွားကြမယ်လို့ မျှော်လင့်မိပါတယ်။
Source: Urbanmenoutfits.com
Featured Image Source : Elink.io