First Date ဟာ ရင်ခုန်စရာကောင်းသလို အနည်းငယ်စိတ်ဖိစီးစရာ လည်းကောင်းပါတယ်။ First Date မှာအဆင်ပြေချောမွေ့မှလည်း နောက်ပိုင်းဇာတ်လမ်းတွေဆက်နိုင်မှာပါ။ ဒီတော့ First Date ကိုသေချာပြင်ဆင်သွားသင့်သလို ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာမယ့် မိန်းကလေးရဲ့စိတ်ညိုညင်ခြင်းမခံရဖို့လည်း အထူးသတိပြုရမှာပါ။ ဒီနေ့တော့ အမျိုးသားတစ်ယောက်အနေနဲ့ First Date မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) ကြိုတင်အစီအစဉ်ချပါ

Photo : Talech
First Date မှာ ဘယ်သွားမယ် ဘယ်ဆိုင်မှာထိုင်မယ်ဆိုတာမျိုးကို ကွီးတို့ဘက် စဉ်းစား စီစဉ်ပေးဖို့ လိုပါတယ်။ လူချင်းတွေ့ကာမှ ဘယ်ဆိုင်မှာထိုင်မယ်စဉ်းစားတာထက် ကြိုတင်ပြီး ဆိုင်တစ်ခုခုမှာ table reserved လုပ်ထားတာမျိုးက ပိုပြီးအထင်ကြီးစရာကောင်းပါတယ်။
(၂) ဝရုန်းသုန်းကားမဖြစ်ပါစေနဲ့

Photo : Crello
First Date မှာအရေးကြီးဆုံးက အချိန်နောက်မကျဖို့ပါပဲ။ ချိန်းထားတဲ့နေရာကို တစ်ဖက်မိန်းကလေးက စောရောက်နေပြီး ကိုယ်ကနောက်ကျနေတာမျိုး လုံးဝမဖြစ်ဖို့ လိုပါတယ်။ ချိန်းတဲ့အချိန်အနီးကပ်မှ ဝရုန်းသုန်းကားသွားတာထက် အချိန်အနည်းငယ်လောက်စောရောက်နေတာက first impression ကောင်းသလို စိုးရိမ်ပူပင်စိတ်တွေလည်းလျော့စေမှာပါ။
(၃) မေးခွန်းတွေသတိထားပါ

Photo : Medium
First Date မှာ တစ်ယောက်အကြောင်း တစ်ယောက်အရမ်းစပ်စုတာမကောင်းပါဘူး။ တစ်ဖက်လူမဖြေချင်တဲ့မေးခွန်းမျိုးတွေ မမေးမိဖို့လည်း သတိထားဖို့လိုပါတယ်။ ဥပမာ အားဖြင့် ရည်းစားဟောင်းအကြောင်း ၊ လစာဘယ်လောက်ရလဲ ၊ အငြင်းပွားစေမယ့် ခေါင်းစဉ်မျိုးတွေ စသည်တို့ကိုရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။
(၄) သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ

Photo : Shutterstock
လူတစ်ယောက်ကိုစတွေ့ချိန်မှာ ဝတ်စားဆင်ယင်မှု အသွင်အပြင်ကို အရင်ဆုံးကြည့်မိတက်ကြတာပဲ မဟုတ်လား။ အရမ်းတောက်တောက်ပြောင်ပြောင်ဖြစ်မနေရင်တောင် အနည်းဆုံး သပ်သပ်ရပ်ရပ်နဲ့ လိုက်ဖက်မှုရှိအောင် ဝတ်ဆင်သွားသင့်ပါတယ်။ ဒါမှလည်း First Date မှာ အမှတ်ကောင်းကောင်းရစေမှာပါ။
Featured Photo Source : Shutterstock
