ကိုယ်ချစ်တဲ့သူနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းတစ်ခုကို ဖြောင့်ဖြောင့်တန်းတန်းလျောက်လှမ်းနိုင်ချင်ကြတာ ချစ်သူတိုင်းရဲ့ ရည်မှန်းချက်တစ်ခုပဲမဟုတ်လား။ တကယ်တော့ အချစ်ရေးတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ချစ်နေရုံနဲ့ ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခု မရနိုင်ပါဘူး။ သင်အမှန်တကယ်ပဲ သာယာပျော်ရွှင်တဲ့ အချစ်ရေးပိုင်ဆိုင်ချင်တယ်ဆိုရင် အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာဖို့လိုမှာပါ။

(၁) အဆက်သွယ်အမြဲရှိနေပါစေ

Happy boyfriend going to kiss smiling girlfriend while she sitting in pickup truck

Photo : Crello

အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံလို့မရသေးရင်တောင် အဆက်သွယ်တော့ အမြဲရှိနေဖို့ လိုပါတယ်။ ပုံမှန်ဖုန်းပြောချိန်လေးတွေ ၊ အွန်လိုင်းပေါ်က စကားပြောချိန်လေးတွေ ၊ နောက်ဆုံးမအားမလပ်ရင်တောင် စာတိုလေးတွေပို့သင့်ပါတယ်။ ဒါဆိုနှစ်ဦးသား အနေဝေးနေရင်တောင် နှလုံးသားချင်းတော့နီးစပ်နေမှာပါ။

(၂) ပြဿနာတွေကိုင်တွယ်ဖြေရှင်းတက်ပါစေ

Young woman sitting near smiling man in kitchen

Photo : Crello

ချစ်သူနှစ်ဦးအမြဲ အဆင်ပြေနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အခြေအနေလေးတွေရှိမှလည်း ရင်ခုန်စရာကောင်းမှာပါ။ ဒါပေမယ့် ပြဿနာတစ်စုံတစ်ရာဖြစ်လာတဲ့အခါ အမြင်မတူသဘောထားကွဲလွဲမှုတွေဖြစ်လာတဲ့အခါမှာ အကောင်းဆုံး ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှလည်း ရန်ဖြစ်ပြီး ပြန်ချစ်ကြတဲ့အခြေအနေကိုရောက်မှာပါ။

(၃) အပေးအယူမျှပါစေ

Happy boyfriend going to kiss smiling girlfriend while she sitting in pickup truck

Photo : Crello

အချစ်ဆိုတာ ပေးဆပ်ခြင်းလား ရယူခြင်းလားအများကြီး စဉ်းစားမနေပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိ အပေးအယူမျှတမှုရှိရှိနဲ့ လက်တွဲသွားမယ်ဆိုရင် သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကိုလျောက်လှမ်းနိုင်ပါတယ်။ သင်ကပဲပေးဆပ်နေဖို့ မလိုသလို သင်ကပဲရယူနေချင်လို့လည်းမရပါဘူး။ အဓိက အပေးအယူမျှမျှတတနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ချစ်သွားဖို့ပဲလိုတာပါ။

(၄) နွေးထွေးတဲ့ဆက်ဆံရေးရှိပါစေ

couple holding hands, looking at each other and going down on escalator

Photo : Crello

အချစ်ရေးမှာနွေးထွေးမှုရှိဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ နွေးထွေးတဲ့ဆက်ဆံရေးက ချစ်တာထက်ပိုပြီး အဓိပ္ပါယ်ပြည့်ဝတဲ့အချစ်ရေးကို ဖန်တီးနိုင်မှာပါ။ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံချိန်မှာ လက်လေးကိုင်ထားတာ ၊ နဖူးလေးကို ခပ်ဖွဖွအနမ်းပေးတာ ၊ တစ်ယောက်ကအားငယ်နေချိန်မှာ တစ်ယောက်ကဖေးမနှစ်သိမ့်ပေးတက်တာ စသည်ဖြင့်နွေးထွေးတဲ့အပြုအမူလေးတွေ လုပ်ဖို့မမေ့သင့်ပါဘူး။

Featured Photo Source : Crello