မိန်းကလေးတိုင်းတောင်းတတဲ့ ပုရိသတစ်ယောက်ဖြစ်ဖို့ သိထားသင့်တဲ့အခြေခံလိုအပ်ချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

ဦးဆောင်နိုင်သူ

happy couple in love piggybacking in autumn park

Photo : Crello

မိန်းကလေးအများစုက ဦးစီးဦးဆောင်နိုင်တဲ့အမျိုးသားတွေကို နှစ်သက်ကြပါတယ်။သင့်အနေနဲ့ အရေးမကြီးဘူးထင်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေကအစ ဦးဆောင်နိုင်သူတစ်ယောက် အဖြစ်ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့ လိုပါတယ်။

နားလည်မှုရှိသူ

Smiling man looking at girlfriend cooking on stove in kitchen

Photo : Crello

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတယ်ဆိုဟာလည်း ချစ်ခြင်းရဲ့သင်္ကေတတစ်ခုလို့ ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဟာ သူတို့အပေါ်အပြည့်အဝနားလည်မပေးနိုင်ရင်တောင် အတတ်နိုင်ဆုံးနားလည်မှုပေးနိုင်တဲ့သူကိုပဲ ရွေးချယ်တက်ကြပါတယ်။

ကြင်နာတက်သူ

beautiful woman hugging boyfriend with closed eyes on kitchen floor

Photo : Crello

မိန်းကလေး အားလုံးလိုလိုက ဂရုစိုက်ပြီး ကြင်နာတက်တဲ့ နှလုံးသားတစ်စုံရှိသူတွေကို ပိုပြီးသဘောကျတတ်ကြပါတယ်။ နွေးနွေးထွေးထွေးပြောဆိုဆက်ဆံတာတွေ၊ ကြင်နာယုယစွာဆက်ဆံတာတွေဟာ သင့်ကိုအမှတ်ပေးစေမယ့် အချက်တွေပဲဖြစ်ပါတယ်။

တည်ငြိမ်ရင့်ကျက်သူ

couple drinking wine while sitting together on plaid at picnic

Photo : Crello

တည်ငြိမ်ရင့်ကျက်တဲ့ ကွီးတွေက မိန်းကလေးအတွက်တော့ ရွေးချယ်ချင်စရာ နံပါတ်တစ်စာရင်းမှာပါပါတယ်။ အချစ်ရေးမှာသာမက အတွေးအခေါ် အနေအထိုင်အပြုမူအားလုံးမှာ တည်ငြိမ်ရင့်ကျက်ပြီး အားကိုးချင်စရာကောင်းတဲ့ ကွီးတို့ပုံစံကို လက်မလွတ်ကြတာအမှန်ပါပဲ။

Featured Image Source : Crello