မိမိရဲ့ဝင်ငွေများကို စုဆောင်းခြင်းသည် ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားဖြစ်ပါတယ်။ အချို့ကလည်း ကိုယ် ပစ်မှတ်တစ်ခုအတွက် ပိုက်ဆံစုတတ်ကြပြီး အချို့ကလည်း ပိုက်ဆံစုဖြစ်ရင်ပြီးရောဆိုပြီး စုဆောင်းတတ်ကြပါတယ်။
ကိုယ် လိုချင်တဲ့အရာ၊ ကိုယ် ဝယ်ချင်တဲ့အရာဆိုတဲ့ ပစ်မှတ်ရှိသူတွေကတော့ သတ်မှတ်ထားတဲ့ပမာဏပြည့်သွားတဲ့အခါ ထိုအရာကို ဝယ်လိုက်ရုံပါပဲ။ ရည်ရွယ်ချက်မရှိဘဲ စုဖြစ်ရင်ပြီးရောဆိုပြီး စုတတ်ကြတဲ့ ယောကျာ်းများအတွက်တော့ အခက်တွေ့ရတတ်ပါတယ်။
ဒီဆောင်းပါးလေးတွေကို ဖတ်ပြီးသွားတဲ့အခါမှာတော့ သင့်ရဲ့စုငွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိသွားပါလိမ့်မယ်။
ကားဝယ်ပါ
ကားတစ်စင်းရှိထားခြင်းသည် သင့်ရဲ့နေ့စဉ်ဘဝအတွက် အသုံးတည့်ပြီး သွားလာစရိတ်အတွက်လည်း အပိုဝင်ငွေ မကုန်တော့ပါဘူး။
အိမ် ဝယ်ပါ
အိမ် (သို့) ခြံလေး တစ်ခြံ ဝယ်ထားခြင်းကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ အိမ်ခြံမြေ ဈေးကွက် ကောင်းလာတဲ့အခါ ပြန်ထုတ်ရောင်းလို့လည်း ရပါသေးတယ်။
ခရီးသွားပါ
ခရီးသွားခြင်းက သင့်ကို စိတ်လက်အပန်းပြေစေတာကြောင့် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့်တော့ ခရီးသွားသင့်ပါတယ်။ ပိုက်ဆံတွေ အများကြီး စုဖြစ်သွားတဲ့အခါ တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ဖို့လိုတယ်မဟုတ်လား။
ပင်စင်စရိတ်အတွက် ပြင်ဆင်ပါ
အသက် ၆၀ ကျော်လာတဲ့အခါ ငယ်ရွယ်စဉ်တုန်းကလို ဖျတ်လတ်သွက်လက်စွာ လုပ်ကိုင်နိုင်တော့မှာမဟုတ်ပါဘူး။ အစိုးရအလုပ်တွေမှာတော့ ပင်စင်စရိတ်ရှိပေမယ့် ကုမ္ပဏီအလုပ်တွေမှာတော့ ပင်စင်စရိတ်ပေးတာမျိုးမရှိပါဘူး။ ဒါ့ကြောင့် ထိုအတွက်လည်း ပြင်ဆင်ထားဖို့လိုပါမယ်။
သင့်ကလေးအနာဂတ်အတွက်
လက်ထပ်ပြီးလို့ သားသမီးရတနာ ထွန်းကားလာတဲ့အခါ ထိုကလေးအတွက် ကျောင်းစရိတ်၊ ကျူရှင်စရိတ်လည်း ထားရပါဦးမယ်။ ကိုယ့်ကလေးအတွက် အကောင်းမွန်ဆုံးသောအရာတွေကို ပေးချင်တယ်ဆိုရင်တော့ လက်ထပ်ပြီးပြီးဆိုတာနဲ့ ကလေးစရိတ်အတွက် သီးသန့်ဖယ်ထားဖို့လိုပါလိမ့်မယ်။
Source: Gurusway.com
Featured Image Source: Projectboldlife.com