ကျွန်တော်တို့ စိတ် ပိုင်းဆိုင်ရာအနားယူမှုကို လျစ်လျူရှုထားလို့ မရပါဘူး။ စိတ်ကျန်းမာရေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကျွန်တော်တို့ရဲ့နေ့စဉ်လူနေမှုဘဝကို အများကြီးဆိုးကျိုး သက်ရောက်စေနိုင်ပါတယ်။
အကယ်၍ အခုပြောမယ့် လက္ခဏတွေပြနေပြီဆိုရင်တော့ သင့်ရဲ့စိတ်ကိုမဖြစ်မနေ အနားပေးဖို့လိုနေပါပြီ။
(၁) တက်တက်ကြွကြွမရှိခြင်း
Photo : Crello
ပုံမှန်ထက် စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိဘူး ၊ ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိဘူးလို့ ခံစားနေရပြီဆိုရင် သင့်ရဲ့စိတ်ကိုပြန်လည်သုံးသပ်ပြီး အနားယူမှုကောင်းကောင်းလုပ်ပေးဖို့ လိုပါတယ်။ နေ့စဉ်ပုံမှန်လုပ်နေကျအရာတွေအစား စိတ်ကိုပြန်လည်တက်ကြွစေမယ့် ဝါသနာလေးတွေ activity လေးတွေလုပ်ကြည့်ပါ။
(၂) စိတ်လွင့်ပျံခြင်း
Photo : Leona Dawson
ဘယ်အရာကိုမှ ကောင်းကောင်းအာရုံမစိုက်နိုင်ပဲ စိတ်တွေလွင့်ပျံနေတယ် ၊ တစ်စုံတစ်ခုကို အာရုံစိုက်ဖို့ ခက်ခဲနေတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာလေးတွေရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုအချိန်မီ သင့်ရဲ့စိတ်ကိုအနားပေးပြီး စိတ်ကိုပြန်လည်စုစည်းနိုင်မယ့် တရားထိုင်ခြင်း ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်းတွေ လုပ်ပေးပါ။
(၃) အဆိုးမြင်စိတ်များခြင်း
Photo : Crello
စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းတဲ့အခါ မြင်မြင်သမျှက အဆိုးဘက်ကို ဦးတည်သွားတက်ပါတယ်။ သင့်အနေနဲ့ ဘယ်ကိစ္စကိုမဆို အဆိုးမြင်နိုင်စိတ်ကပိုများနေမယ် ၊ စိတ်မရှည်ဘူး ၊ ဒေါသထွက်လွယ်နေတယ်ဆိုရင် သင်ဟာစိတ်ဖိစီးမှုများနေပြီး စိတ် ပိုင်းဆိုင်ရာအနားယူဖို့လိုနေပြီဆိုတဲ့ လက္ခဏာကိုပြနေတာပါ။
(၄) အိပ်ပျော်ရခက်ခြင်း
Photo : Renal and Urology News
စိတ်ဖိစီးမှုနဲ့အတွေးတွေများနေတဲ့အခါ အိပ်ပျော်ဖို့ကိုပါ ခက်ခဲသွားစေပါတယ်။ ညဘက်တွေမှာ အိပ်ပျော်ဖို့အချိန်ယူရတာ မကြာခဏလန့်နိုးလာတာမျိုးဖြစ်နေတယ်ဆိုရင် စိတ်ကိုကောင်းကောင်းအနားယူဖို့ လုံးဝလိုအပ်ပါတယ်။ အိပ်မပျော်တဲ့ရက်တွေများလာရင် သင့်ရဲ့ ရုပ်ရောစိတ်ပါကျန်းမာရေးကို ဆိုးရွားစေနိုင်လို့ပါ။
Featured Photo Source : Bolde