ကိုယ်ချစ်သူကောင်မလေးနဲ့ အတူတူခရီးသွားဖူးပါလား။ အချစ်နဲ့ခရီးတစ်ခုခုမသွားဖူးသေးရင်တော့ အနည်းဆုံးတစ်ကြိမ်တစ်ခါလောက် ခရီးထွက်ကြည့်ဖို့ တက်တွန်းချင်ပါတယ်။ ဒီလိုကိုယ်ချစ်တဲ့သူနဲ့ နှစ်ယောက်တည်းခရီးသွားတာဟာ သင့်ရဲ့ အချစ်ရေးအပေါ်ဘယ်လိုအကျိုးသက်ရောက်မှာရှိစေလဲဆိုတာ ဒီဆောင်းပါးလေးမှာဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

couple taking selfie on smartphone while packing suitcases for vacation

Photo : Freepik

ကိုယ်ချစ်သူနဲ့ နှစ်ယောက်တည်း ခရီးသွားခြင်းဖြင့် တစ်ယောက်နဲ့ တစ်ယောက်ပိုမိုရင်းနှီးကျွမ်းဝင်မှုကိုဖြစ်စေပါတယ်။ နေ့စဉ် ဒိတ်လုပ်နေကြ ပုံစံနဲ့လည်းမတူဘဲ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံအသစ်တွေကိုခံစားရစေမှာဖြစ်တာကြောင့် ရင်ခုန်စရာပိုကောင်းစေမှာဖြစ်ပါတယ်။တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုမိုသိရှိလာနိုင်ပြီး လေ့လာမှုစစ်တမ်းတွေအရ ခရီးအတူတူသွားခြင်းက တစ်ယောက်နဲ့ တစ်ယောက်ကြား သံယောဇဉ် အချစ် မေတ္တာတရားတွေပိုတိုးလာစေပြီး ရေရှည်အတွက်ကောင်းမွန်ခိုင်မြဲစေတယ်လို့ဆိုပါတယ်။

တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်စိတ်ချမှုဆိုတာ တဖြေးဖြေးချင်းတည်ဆောက်သွားရတာမျိုးပါ။ ကိုယ်ချစ်သူနဲ့ နှစ်ယောက်တည်းခရီးထွက်မယ်ဆိုရင် စွန့်စားမှုတွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ယုံကြည်မှုတွေအများကြီးနဲ့ သွားကြရတာမျိုးဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်နဲ့ ခရီးသွားမှသာ စိတ်ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်စေမှာဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်လည်းရင်ဘတ်ချင်းပိုနီးလာစေမှာပါ။

ဒါကြောင့် ချစ်သူနဲ့ခရီးသွားခြင်းက တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့အကောင်းဆုံးအချိန်ဖြစ်သလို နောင်တစ်ချိန် ဘဝခရီးကို အတူတူဖြတ်သန်းဖို့ ခွန်းအားတွေရစေမှာဖြစ်ပါတယ်။ကိုယ်ချစ်သူနဲ့ ခရီးတစ်ခုအတူတူထွက်ခြင်းအားဖြင့် ချစ်သူနှစ်ဦးကြား ဆက်ဆံရေး နှင့်ချစ်ခြင်းမေတ္တာကိုတိုးတက်စေရုံသာမက အခက်အခဲနဲ့ပြ ဿနာတွေကိုလည်း အရင်ကထက်ပိုပြီး ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။

Woman pointing with finger and smiling near bi-racial friend with backpack

Photo : Freepik

အဓိကအားဖြင့် ခရီးသွားတဲ့အခါ ကိုယ့်အကြိုက်သူ့အကြိုက်တွေကို နှစ်ဖက်ညှိညှိနှိုင်းနှိုင်းတိုင်ပင်လုပ်ဆောင်ရတာဖြစ်တာကြောင့် တစ်ယောက်ရဲ့ အကြိုက်တွေ တစ်ယောက်မကြိုက်တာတွေကို ပိုမိုသိရှိလာနိုင်မှာဖြစ်ပါတယ်။ခရီးသွားတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်နီးနီးကပ်ကပ်ရှိခွင့်ရတာကြောင့် တစ်ယောက်ရဲ့ ကောင်းကွက်ဆိုးကွက်တွေကို သိရှိလာပြီး ချစ်သူနှစ်ဦးကြားက အဆင်မပြေမှုတွေ အခက်ခဲတွေကိုဖြေရှင်းဖို့ ပိုမိုလွယ်ကူလာမှာသေချာပါတယ်။

Featured Photo : Freepik